Silver Whale ရေပေါ်စားသောက်ဆိုင်သင်္ဘော တိမ်းစောင်းနစ်မြုပ်နေသည်ကို မတ်လ ၂၇ ရက် နံနက်ကတွေ့ရစဉ်

၂၈. ၃. ၂၀၂၃
Translated by Htwe Ko Tun

ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့၏ Neva ရေခဲမြစ်အတွင်းဆိုက်ကပ်ထားသော Silver Whale အမည်ရှိရေပေါ်စားသောက်ဆိုင်သင်္ဘောမှာ မတ်လ၂၇ ရက် နံနက် ၇ နာရီခွဲမှစ၍ တိမ်းစောင်းနစ်မြုပ်လျက်ရှိကြောင်းနှင့် အဆိုပါစားသောက်ဆိုင်သင်္ဘောအား အသုံးမပြုတော့ဘဲ ဒေါ်လာ ၃၇၀,၀၀၀ ဝန်းကျင်ဖြင့် ပြန်လည်ရောင်းချမည်ဟု ဈေးဆိုထားသည်မှာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ မှစ၍ ဖြစ်ကြောင်း သိရသည်။

Silver Whale ရေပေါ်စားသောက်ဆိုင်သင်္ဘောမှာ Neva မြစ်အတွင်း စိန့်ပီတာစဘတ်မြို့ ကမ်းနား၌ ဆိုင်း၍ ရပ်ထားခြင်းဖြစ်ပြီး မတ်လ ၂၇ ရက် နံနက် ၇ နာရီခွဲခန့်မှစ၍ မြစ်၏ ရေခဲမှုအခြေအနေများကြောင့် ထိခိုက်ကာ ရေဝင် တိမ်းစောင်းနစ်မြုပ်ရခြင်းဖြစ်ကြောင်း ရုရှားတာဝန်ရှိသူများက ပြောခဲ့သည်။ အသုံးမပြုတော့ဟု ပြောထားပြီးဖြစ်သည့် Silver Whale ရေပေါ်စားသောက်ဆိုင်သင်္ဘောအနေဖြင့် သင်္ဘောအတွက် ထိခိုက်မှုမရှိစေရေးနှင့် လုံခြုံစိတ်ချမှုရှိရေး စည်းမျဉ်းများကိုလိုက်နာမှုရှိမရှိ ဒေသခံ သယ်ယူပို့ဆောင်ရေးရုံးက စုံစမ်းစစ်ဆေးနေကြောင်းလည်းသိရသည်။

သင်္ဘောပိုင်ရှင်များက မူလက Silver Whale ရေပေါ်စားသောက်ဆိုင်သင်္ဘောအား မော်စကိုမြို့၊ မော့စ်ခ်ဗါ မြစ်အတွင်း ဆိုက်ကပ်လိုကြသော်လည်း စီမံကိန်းက သဘောတူညီမှုမရ၍ ၂၀၁၈ ခုနှစ်တွင် စိန့်ပီတာစဘတ်မြို့ ကမ်းခြေသို့ ပြောင်းရွှေ့ ရပ်နားထားခဲ့ခြင်းဖြစ်သည်။ သို့သော် ရေပေါ်စားသောက်ဆိုင်သင်္ဘောအား ဖွင့်လှစ်ခြင်းမပြုခဲ့ဘဲ ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင်မူ ၎င်းအား အမေရိကန်ဒေါ်လာ ၃၇၂၀၀၀ (သို့မဟုတ်) ရူဘယ်လ် ၃၅ သန်းဖြင့် ရောင်းချမည်ဟုကြေညာခဲ့ခြင်းဖြစ်သည်။

Ref—– Dailymail.co.uk

Leave a Reply

Your email address will not be published. Required fields are marked *

Related News