၂၈. ၃. ၂၀၂၃
Written by Hey Mar

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ ဌာနရပ်ကွက် အလုံလမ်း၊ ဇဗ္ဗူရတနာဘုန်းကြီးကျောင်းဘေး၊ ရထားသံလမ်းတွင် PDF များထောင်ထားသည့် မပေါက်ကွဲသေးသော လက်လုပ်ဗုံးကို မတ်လ ၂၈ ရက် နံနက် ၉ နာရီခွဲက တွေ့ရှိခဲ့ကြောင်း သိရသည်။

ရထားလမ်းအနီးတွင် ဝါယာကြိုးများပါသော သုံးဆင့်စတီးချိုင့်ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ကရှင်းလင်းရာ သုံးဆင့်စတီးချိုင့်အတွင်း ယမ်း၊ ဒီတိုနေတာ၊ ဆားကစ်ပြား၊ ဓာတ်ခဲ၊ ဝါယာကြိုးတို့ ချိတ်ဆက်ထားသည့် လက်လုပ်ဗုံးဖြစ်ကြောင်းတွေ့ရသဖြင့် အနီးမြေကွက်လပ်တွင် ဖောက်ခွဲဖျက်ဆီးလိုက်ကြောင်းသိရသည်။

‘’အဲဒီလမ်းကြောကတော့ နည်းနည်းရှည်တယ်။ ပုဇွန်တောင်ကနေ ကုန်လှောင်ရုံတွေရှိတဲ့ ဗိုလ်တထောင် အဲဒီကိုသွားတယ်။ အဲဒီကနေ ကမ်းနားလမ်းတောက်လျှောက်သွားပြီး ဝါးတန်းကုန်လှောင်ရုံ။ အဲဒီကနေမှ ထော်လီကွေ့ကိုဖြတ်ပြီး ဟုမ်းလမ်းဘူတာကနေ ကြည့်မြင်တိုင်ဘူတာအထိ ဆက်သွယ်ထားတဲ့လမ်းပါ။ အရင်က လျှပ်စစ်ရထား ဆွဲနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သံလမ်းကို ပြင်ဆင်ထားတဲ့ အပိုင်းတွေလည်းရှိပါတယ်”ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူက MT News သို့ ပြောသည်။

အဆိုပါ ရထားလမ်းသည် ကုန်တင်ရထားများသာ သွားသော ရထားလမ်းဖြစ်ပြီး ထော်လီကွေ့မှ ဟုမ်းလမ်းဘူတာနှင့် ဆက်သွယ်ထားသော ရထားလမ်းဖြစ်‌ကြောင်း မြန်မာ့မီးရထားမှသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *