၂၈. ၃. ၂၀၂၃
Written By Thandar

၂၀၂၃ ခုနှစ် ဧပြီ ၆ ရက်ကနေ ဧပြီ ၁၇ ရက်နေ့အထိ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ စတုတ္ထအကြိမ်မြောက် ကျင်းပမဲ့ Miss Supermodel Worldwide 2023 ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် အလှမယ် အိအိမြင့်အောင်သိန်းက ဝင်ရောက်ယှဥ်ပြိုင်မှာဖြစ်ပါတယ်။

“မကြာခင်က ကျွန်တော်တို့ ဖောင်တွေခေါ်ထားတဲ့ အထဲက လျှောက်လွှာတင်သူတွေထဲက ရွေးချယ်လိုက်တာပါ၊ ပွဲနီးပြီမို့ အဆင်ပြေဆုံးဖြစ်မယ့်သူကို ရွေးချယ်လိုက်တာပါ။ မွန်လူမျိုးစပ်တဲ့ တိုင်းရင်းသူလေးပါ။ အသက် ၂၂ နှစ်အရွယ်ပေါ့။ သူက အရင်က အလှမယ်တွေ ဝင်ပြိုင်ဖူးခြင်းမရှိဘူး။ မင်းသား ဒေါင်းရဲ့ ညီမလေးပါ။ ပြိုင်ပွဲက Ai image Myanmar ကတစ်ဆင့် ဆက်သွယ်လာတာပါ”လို့ National Director ဖြစ်တဲ့ Layauk Naw ကပြောပါတယ်။

ဒီပြိုင်ပွဲကို Myanmar Beauty Paradise Organization ကနေ သွားရောက်ယှဉ်ပြိုင်မယ့် Miss Supermodel Worldwide Myanmar 2023 ဆုရှင်အလှမယ်လေး အိအိမြင့်အောင်သိန်းကို ရွေးချယ်စေလွှတ်မှာပဲ ဖြစ်ပါတယ်။

သူမကို Organization ဘက်က လက်ရှိ ပြိုင်ပွဲမတိုင်ခင်ကာလထဲက Catwalk Training ပိုင်း၊ Evening Gown ပိုင်း၊ National Costume ပိုင်း၊ Activity ပိုင်း စတဲ့ သင်တန်းတွေ ပေးနေတယ်လို့ သိရပါတယ်။

“ပြိုင်ပွဲဝင်မယ့် ညီမ အိအိမြင့်အောင်သိန်းအတွက် လိုအပ်နေတဲ့ ပြင်ဆင်မူအပိုင်းတွေကိုလည်း ပြီးသွားပြီလို့ သိရပါတယ်။ ညီမလေးက တခြားအနုပညာအတွေ့အကြုံတော့ မရှိသေးဘူး။ အခုမှ ပြိုင်ပွဲဝင်အသစ်ပေါ့။ အရင်ဆုရထားစတဲ့ မအိမ့်ဆုမွန်နဲ့လည်း အတွေ့အကြုံပိုင်းတွေ ဖလှယ်နေကြပါတယ်။ နေ့တိုင်း လေ့ကျင့်မူအပိုင်းတွေ လုပ်နေပါတယ်။ အကောင်းဆုံးတော့ ပြင်ဆင်ပေးနေပါတယ်။ ကျွန်တော်တို့ ပြိုင်ပွဲဝင် ညီမလေး အိအိမြင့်အောင်သိန်းကို အားပေးကြပါလို့ ပြောချင်ပါတယ်”လို့ သူကဆက်ပြောပါတယ်။

အဆိုပါ ပြိုင်ပွဲကို ကိုရီးယား ၊ မလေးရှား ၊ ထိုင်း ၊ ဗီယက်နမ် ၊ တရုတ် စတဲ့ နိုင်ငံပေါင်း ၃၀ ကျော်က အလှမယ်တွေ လာရောက် ယှဥ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်က အိန္ဒိယနိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss Supermodel Worldwide 2022 အလှမယ်ပြိုင်ပွဲမှာလည်း မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ် အိမ့်ဆုမွန်က Miss Look of the Year Miss Fashionista & Best in National Costume 2nd runner up ဆု ၃ ဆုကို ဆွတ်ခူးရရှိခဲ့သလို Myanmar Beauty Paradise Organization CEO ဖြစ်တဲ့ National Director ကလည်း Best National Director Award ဆုကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *