၂၈. ၃. ၂၀၂၃
Written by Nyein Kyaw

မင်္ဂလာတောင်ညွန့်မြိုနယ်၊ မလွှကုန်းရပ်ကွက် မီးရထားဝင်းတွင် ပုပ်ပွနေသဖြင့် အသားများပါပေါက်ထွက်ပြီး ပေါင် ၅၀၀ ခန့်အထိ ဖောင်းကြွနေသည့် အမျိုးသားရုပ်အလောင်းတစ်ခုတွေ့ရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးသို့ သယ်ယူပို့ဆောင်ပေးခဲ့ရကြောင်း မင်္ဂလာတောင်ညွန့်လူမှုကူညီ‌ရေးအသင်းမှ သိရသည်။

ဖြစ်စဥ်မှာ မတ်လ ၂၇ ရက် ည ၁၀ နာရီ မိနစ် ၄၀ ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မလွှကုန်းရပ်ကွက် မီးရထားဝင်းတွင် အပုပ်နံ့များထွက်နေသဖြင့် ရပ်ကွက်နေပြည်သူများက အကြောင်းကြားသဖြင့် ပရိတအဖွဲ့များက သွားရောက်ကူညီပေးခဲ့ရာ လူမရှိသည့်အိမ်ခန်းအတွင်း သေဆုံးနေသည့်အမျိုးသားရုပ်အလောင်းမှာ ပုပ်ပွနေပြီး အလွန်ဖောင်းပွနေ၍ ပေါင် ၅၀၀ ခန့်လောက်အထိရှိနေသည့်ရုပ်အလောင်းကို တွေ့ရှ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အလောင်းက ပုပ်ပွနေပြီ။ ကျွန်တော်တို့ ခန့်မှန်းခြေကတော့ သုံး၊ လေးရက်လောက်တော့ရှိပြီ။ အခြားဒဏ်ရာတွေဘာတွေတော့ မတွေ့ဘူး။ ရက် အရမ်းကြာတော့ ပေါက်ထွက်ပြီး အရည်တွေထွက်နေတာ။ အိမ်မှာတော့ အခြားသူတွေမတွေ့ဘူး။ ဒါပေမဲ့ သူတို့နေတဲ့ပုံစံက အိမ်တန်းလျားတွေပေါ့။ တစ်အိမ်နဲ့တစ်အိမ်က အရမ်းကပ်နေတာ။ အဲဒီနားကလူတွေပြောတာတော့ အနံ့စရတာက နှစ်ရက်လောက်ရှိပြီလို့ ပြောတယ်။ ကျွန်တော်တို့က ဖုန်းဆက်အကြောင်းအကြားလို့ သွားသယ်ထုတ်ပေးပြီး ရန်ကုန်ဆေးရုံကို ပို့ပေးလိုက်တာ” ဟု မင်္ဂလာတောင်ညွှန့်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သေဆုံးသူအမျိုးသားမှာ ဦးမျိုးညွှန့်ဖြစ်ပြီး အသက် ၅၉ နှစ်ရှိပြီဖြစ်ကြောင်း၊ မည်သည့်အကြောင်းအရင်းကြောင့် သေဆုံးခဲ့ခြင်းကိုတော့ သိရှိရခြင်းမရှိသေးဘဲ သေဆုံးအမျိုးသားအလောင်းအား ရေခဲတိုက်အပုပ်ဆောင်သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *