၂၈. ၃. ၂၀၂၃
Written by Nay Moe

နိုင်ငံ့ဝန်ထမ်းဖြစ်သည့် မြန်မာ့အာမခံလုပ်ငန်း ခရိုင်တာဝန်ခံအား SAC လက်အောက်အလုပ်လုပ်နေ၍ဟုဆိုကာ NUG နှင့် PDF များက ဖမ်းဆီးထားသည်ဟု NUG ၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဥ်မှာ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် မတ်လ ၂၅ ရက်နေ့၌ မြန်မာ့အာမခံလုပ်ငန်း ခရိုင်တာဝန်ခံက ဆိုင်ကယ်ဖြင့် ဖြတ်သန်းသွားလာနေသည်ကို PDF Kalay တပ်ရင်း(၅)မှ တပ်ဖွဲ့ဝင်များ ရပ်တန့်စစ်ဆေးရာ ထိုသူမှာ ဦးစိုးငြိမ်း၊ အသက် ၅၈နှစ်၊ (ဘ)ဦးဘဌေး၊ ခရိုင်တာဝန်ခံ၊ မြန်မာ့အာမခံလုပ်ငန်းဖြစ်‌ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် NUG ၏ ကလေးမြို့နယ် ရဲတပ်ဖွဲ့သို့ တရားခံဦးစိုးငြိမ်းနှင့် သက်သေခံပစ္စည်းများအား မတ်လ ၂၆ ရက်နေ့တွင် PDF Kay တပ်ရင်း (၅) က လွှဲပြောင်းအပ်နှံခဲ့သည်ဟု ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

လက်ရှိတွင် နိုင်ငံ့ဝန်ထမ်းဖြစ်သူ မြန်မာ့အာမခံလုပ်ငန်း ခရိုင်တာဝန်ခံ ဦးစိုးငြိမ်းအား SAC အစိုးရလက်အောက် အလုပ်လုပ်သည်စွပ်စွဲချက်ဖြင့် NUG ၏ ကလေးမြို့နယ်တရားရုံးသို့ တရားစွဲဆို တင်ပို့နိုင်ရေး စီစဉ်ဆောင်ရွက်နေသည်ဟုလည်း NUG က ထုတ်ပြန်ထားပြီး ဦးစိုးငြိမ်း၏ ဆိုင်ကယ်နှင့် ဖုန်းကိုလည်းသိမ်းယူထားကြောင်း သိရသည်။

“နိုင်ငံ့ဝန်ထမ်းဆိုတာ အစိုးရဝန်ထမ်းမဟုတ်ဘူးလေ။ ဘယ်အစိုးရတက်တက် နိုင်ငံ့ဝန်ထမ်းက နိုင်ငံ့ဝန်ထမ်းပါပဲ။ ဒါကိုပဲ ဟိုအစိုးရအောက်လုပ်လို့၊ ဒီအစိုးရအောက်လုပ်လို့ဆိုပြီး လိုက်သ-တ်နေရင်၊ လိုက်ဖမ်းနေရင် ဘယ်လိုလုပ် တရားမျှတမလဲ။ NUG ကို နိုင်ငံတကာက အသိအမှတ်မပြုတာကလည်း နိုင်ငံ့ဝန်ထမ်းတွေ မသက်ဆိုင်သူတွေကို အဲဒီလိုအကြမ်းဖက် ဖမ်းဆီးသ-တ်ဖြတ်တာတွေ လုပ်နေလို့ အသိအမှတ်ပြုမခံရတာကို တွေးနိုင်ဖို့ ကောင်းပြီ”ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *