၂၈. ၃. ၂၀၂၃
Written By Thandar

MRTV-4 ရုပ်သံဇာတ်လမ်းတွဲကတစ်ဆင့် ပရိသတ်အားပေးမှုရရှိခဲ့တဲ့ သရုပ်ဆောင် မြတ်သူသူကတော့ “သစ္စာ” ရုပ်သံဇာတ်လမ်းတွဲမှာ ပုလဲသွယ်ဆိုတဲ့ ကျောင်းဆရာမလေးတစ်ယောက်နေရာက မြင်တွေ့ရမှာပါလို့ ပြောပါတယ်။

ရသစုံပါဝင်တဲ့ “သစ္စာ” ဇာတ်လမ်းတွဲကို လာမယ့် ဧပြီ ၄ ရက် ည ၇ နာရီကစပြီး တနင်္လာနေ့ကနေ သောကြာနေ့ အထိ အပတ်စဥ် MRTV-4 ရုပ်သံလိုင်းမှာ ပြသသွားမှာ ဖြစ်ပါတယ်။

“ဒီဇာတ်ကားလေးက မြတ်သူရဲ့ အိမ်ထောင်မကျခင်က ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ ကံဇာတာကတော့ မြတ်သူ အိမ်ထောင်ကျပြီး အလုပ်တွေ ပိုလုပ်ခွင့်ရလာလို့လည်း ပျော်ပါတယ်။ ဒီအချိန်မှာ ကိုယ့်ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲ ထုတ်လွှင့်မယ်ဆိုတော့ ကြည်နူးလို့လည်း မဆုံးပါဘူး။ မြတ်သူကို သစ္စာဆိုတဲ့ ဇာတ်လမ်းတွဲမှာ ပုလဲသွယ်ဆိုတဲ့ ကျောင်းဆရာမလေး တစ်ယောက်နေရာက ပရိသတ်တွေ မြင်တွေ့ရမှာပါ။ မြတ်သူကို ဒီနေ့အထိ ချစ်ခင်အားပေးနေကြတဲ့ ပရိသတ်တွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီဇာတ်ကားလေး ပြရင်လည်း ပရိသတ် အားပေးမှုဘယ်လိုရှိမလဲဆိုတာ ရင်ခုန်မိပါတယ်”လို့ သရုပ်ဆောင်မြတ်သူသူက ပြောပါတယ်။

Forever Group ကတင်ဆက်မယ့် ဒီဇာတ်လမ်းတွဲကို ဇာတ်လမ်း၊ ဇာတ်ညွှန်း ကျော်ကျော်ထွန်းနဲ့ ခင်မောင်ကျော်တို့က ရေးသားပြီး ဒါရိုက်တာ ညီညီအောင်က သရုပ်ဆောင်တွေဖြစ်တဲ့ ကျော်ဆု၊ ရန်လင်းအောင်၊ နက်ရှိင်းကို၊ ဘုန်းရှိန်ခန့် (အထူးဧည့်သည်) မြတ်သူသူ၊ မိုးမခမေ၊ ရှင်မင်းဆက် စတဲ့ အနုပညာရှင်တွေနဲ့ ရိုက်ကူးသရုပ်ဆောင်ထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *