သေနတ်သမားက ကျောင်းအတွင်း ဝင်ရောက်ပစ်ခတ်ခဲ့မှုကို စီစီတီဗီ ဗီဒီယိုမှ တွေ့ရစဉ်

၂၈. ၃. ၂၀၂၃
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စု၊ တန်နက်စီပြည်နယ်၏ မြို့တော် နက်ရှ်ဗီလီးမြို့တွင် မတ်လ ၂၇ ရက်က ပုဂ္ဂလိကခရစ်ယာန်ကျောင်းတစ်ကျောင်း၌ လူအစုလိုက်အပြုံလိုက်ပစ်ခတ်မှုတစ်ရပ်ဖြစ်ပွားရာ ကိုးနှစ်အရွယ် ကလေးငယ်သုံးဦးနှင့် လူကြီးသုံးဦးသေဆုံးခဲ့ကြောင်းသိရသည်။

သေဆုံးသူများအနက်နှစ်ဦးမှာ ထိုကျောင်းမှဝန်ထမ်းများဖြစ်ကြပြီး တစ်ဦးမှာ ကျောင်းအုပ်ကြီးဖြစ်၍ အခြားတစ်ဦးမှာ သန့်ရှင်းရေးသမားတစ်ဦးဖြစ်ကြောင်းလည်း ကျောင်းမှရရှိသော သတင်းများကဆိုသည်။

သေနတ်သမားက အသက် ၂၈ နှစ်ရှိ နက်ရှ်ဗီလီးမြို့တွင် နေထိုင်သူတစ်ဦးဖြစ်ကာ အဆိုပါကျောင်း၏ ကျောင်းသားဟောင်းတစ်ဦးလည်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။ ၎င်းအား အပြန်အလှန်ပစ်ခတ်မှုအတွင်း ရဲတပ်ဖွဲ့က အသေပစ်ခတ်ဖမ်းဆီးမိခဲ့သည်။ သေနတ်သမားက ကျောင်း၏ အဆောက်အအုံသို့ ဝင်ပေါက်များအပါအဝင် အသေးစိတ်မြေပုံများကိုရေးဆွဲခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။

သေနတ်သမား အမည်က အော်ဒရီးဟီးလ်ဖြစ်ကာ ၂၀၂၂ ခုနှစ်က နက်ရှ်ဗီလီးမြို့ရှိ နော့ဆီ အနုပညာနှင့် ဒီဇိုင်းကောလိပ်မှ ဘွဲ့ရခဲ့ကြောင်းလည်း သိရသည်။ ၎င်းက ဂရပ်ရေးဆွဲသူတစ်ဦးနှင့် ကုန်စုံဆိုင်လုပ်ငန်း အချိန်ပိုင်းရောင်းချသူတစ်ဦးတို့ အဖြစ် အသက်မွေးကြောင်း သိရသည်။

Ref——CNN

Leave a Reply

Your email address will not be published. Required fields are marked *

Related News