April 30, 2024

MT News

Written by Nay Moe

PDF များ မိုင်းထောင်နေမှုကို တပ်ကို သတင်းမပေးရန်နှင့် သတင်းပေးပါက ဒလန်ဟုသတ်မှတ်အရေးယူမည်ဟု NUG ဩဇာခံ တောင်သာပကဖ မတ်လ ၂၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

တောင်သာမြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ နယ်မြေစိုးမိုးမှုများလုပ်ဆောင်နေချိန်အတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များ၊ ရဲဘော်များထောင်ထားသောမိုင်းများ တွေ့ မြင်ခဲ့ပါက လခရအား သတင်းပေးတိုင်ကြားမှုများ မပြုလုပ်ရန်နှင့် လခရအားသတင်းပေးတိုင်ကြားမှုများ တွေ့မြင်ကြားသိခဲ့ပါက ဒလန်ဟုသတ်မှတ်၍ဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဟု တောင်သာပကဖ၏ ထုတ်ပြန်ချက်က ဆိုသည်။

ထို့ပြင် မတ်လ ၉ ရက်ကလည်း တောင်သာမြို့နယ်အတွင်း သွားလာရာတွင် ကားများမှန်ချမောင်းရန်နှင့် မှန်ချမမောင်းပါက တာဝန်ယူမည်မဟုတ်ကြောင်းလည်း ခြိမ်းခြောက်စာထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News