မြန်မာမိန်းကလေးအား ရေအိမ်အတွင်း ဝမ်းပိုက်နာလာမှုကို သူငယ်ချင်းများက ကူညီနေသည်ကို မတ်လ ၁၉ ရက် ည ကတွေ့ရစဉ်

၂၁. ၃. ၂၀၂၃
Translated by Htwe Ko Tun

ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော အသက် ၂၉ နှစ်ရှိ မြန်မာမိန်းကလေးတစ်ဦးမှာ မတ်လ ၁၉ ရက် ည သန်းခေါင်အချိန်က ဝမ်းဗိုက်နာလာသဖြင့် ရေအိမ်တစ်ခုအတွင်းသို့ သွားခဲ့ရာမှ ရေအိမ်အတွင်း ကလေးမွေးဖွားခဲ့ကြောင်းသိရသည်။

မြန်မာမိန်းကလေးမှာ ၎င်းကိုယ်၎င်း ကလေးမွေးဖွားခဲ့ခြင်းကိုပင် ကောင်းစွာမသိခဲ့ဘဲ ဝမ်းဗိုက်အလွန်နာလာသဖြင့် ရေအိမ်အတွင်းသွားကာ သူငယ်ချင်းတစ်ဦးကိုပါ အကူအညီလှမ်း၍တောင်းခဲ့ရာမှ ဤသို့ ကလေးမွေးဖွားခဲ့ခြင်းဟုလည်း သိရသည်။ သို့သော် ၎င်းက ကိုယ်ဝန်ဆောင်သည်မှာ ငါးလခန့်ရှိပြီဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ထိုအဖြစ်အပျက်က ထိုင်းနိုင်ငံ ဖရာနာခွန်ဆီ အယုဒ္ဓယပြည်နယ်အတွင်း ကျေးရွာတစ်ခု၏ ရေချိုးခန်းအတွင်းဖြစ်ပွားခဲ့ခြင်းလည်းဖြစ်သည်။ ၎င်းတို့နေထိုင်ရာအဆောက်အအုံ၏ တတိယထပ်၊ အခန်းအမှတ် ၁၃၀၅ ၏ ရေချိုးခန်းအတွင်းရှိ အိမ်သာပေါ်တွင် မြန်မာမိန်းကလေးက ဆောင့်ကြောင့်ထိုင်ခဲ့ရာမှ ကလေးမွေးဖွားလာခြင်းလည်းဖြစ်သည်။

မြန်မာမိန်းကလေးကလေး၏အမည်ကိုမူ မသိရဘဲ မွေးဖွားလာသော ကလေးငယ်မှာ အရေပြားများ၌ သွေးရောင်လျော့နေပြီဖြစ်သော်လည်း နှလုံးခုန်နေသေးရာ ကလေးငယ်ကို ရှေးဦးသူနာပြုနည်းဖြင့် ပြုစု၍ ဖရာနာခွန်ဆီ အယုဒ္ဓယပြည်နယ် ဆေးရုံသို့တင်ပို့၍ အနီးကပ်ဆေးဝါးကုသမှုပေးထားကြောင်းနှင့် မိခင်ဖြစ်သူမှာ ကျန်းမာရေးကောင်းကြောင်းသိရသည်။

Ref- Thailand Posts

Leave a Reply

Your email address will not be published. Required fields are marked *