ရိုက်ကူး ၊ တင်ဆက်- သန္တာ၊ ဟေမာ
၂၀.၃. ၂၀၂၃
အပတ်စဥ် စနေ၊ တနင်္ဂနွေနေ့တွေမှာ Channel K ကနေ ပြသနေတဲ့ တစ်ခါမိုက် ဇာတ်လမ်းတွဲမှာ ချောကလျာကို ခပ်မိုက်မိုက် ဗီလိန်ဇာတ်ရုပ်နဲ့ တွေ့မြင်ရမှာပါ။ ဗီလိန်သရုပ်ဆောင်ချက်တွေမှာ ထိမိလွန်းတဲ့ ချောကလျာက နောက်ပိုင်းမှာတော့ ပရိသတ်ကို ဇာတ်ကောင်စရိုက်မျိုးစုံ သရုပ်ဆောင်ပြချင်တဲ့အတွက် ဇာတ်ညွှန်းတွေကို စိစစ်ရွေးချယ် ရိုက်ကူးဖြစ်လာတယ်လို့ ဆိုပါတယ်။
“တော်ပြီလေ ချော အရင်ကတော့ သရုပ်ဆောင်ရရင်ပြီးရော အကုန်လက်ခံခဲ့တယ်။ အခုနောက်ပိုင်းတော့ ငွေကြေးလည်း အတိုင်းအတာတစ်ခုထိ ကြိုးစားရှာဖွေခဲ့ပြီးပြီမို့ အရင်လို အားနာပြီး လိုက်လျောတာတွေလည်း မလုပ်တော့ဘူး။ ကိုယ်မကြိုက်ရင် ယဥ်ယဥ်ကျေးကျေးပဲ ငြင်းလိုက်တယ်”လို့ MT News ကနေတစ်ဆင့် သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ သူ့ဘဝအကြောင်း တစေ့တစောင်း ဖွင့်ဟပြောဆိုလာတာကို ဒီ ရုပ်သံလေးကနေ ကြည့်ရှုခံစားနိုင်မှာပါ။
