၂၀.၁၁.၂၀၂၆
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ မော်တင်ယာယီစျေးရပ်ကွက်၊ ကမ်းနား(ကျောက်လမ်း)ဘေး၊ လမ်းသစ်လမ်းသွယ်ရှိ ပစ္စည်းဟောင်းဂိုဒေါင်မီးလောင်မှုမှာ မီးပလပ်ခေါင်း ဘုရားမီးပူဇော်ထားရာမှ မီးပလပ်ခေါင်း အပူလွန်ကဲ၍ စတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း စစ်ဆေးသူများထံမှ သိရသည်။
ယနေ့ နိုဝင်ဘာလ ၂၀ ရက် နံနက် ၅ နာရီ ၅ မိနစ်ခန့်က ဖြစ်ပွားခဲ့သည့် မီးလောင်မှုကြောင့် အလျား ၂၅ ပေ၊ အနံပေ ၅၀ ရှိ သွပ်မိုး၊ သွပ်ကာ၊ ကွန်ကရစ်ခင်း တစ်ထပ် ပစ္စည်းလျှပ်စစ်ပစ္စည်းအဟောင်းများ၊ စက္ကူအဟောင်းများ၊ ပလပ်စတစ်အဟောင်းများ မီးလောင်ဆုံးရှုံးခဲ့သော်လည်း လူထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။

မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ကိုးစီး၊ရေသယ်ယာဥ် ၁၂ စီး၊ အထောက်အကူပြုယာဥ် နှစ်စီးနှင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၁၀၀ ကျော်က ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၅ နာရီ ၅၇ မိနစ်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
ဂိုဒေါင်မီးလောင်မှုကြောင့် အသက် ၄၉ နှစ်အရွယ် ဦးသန်းဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် လမ်းမတော်မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
