၆.၁၀.၂၀၂၆
Written by Linn Eain
လေယာဉ်လက်မှတ်ခနှုန်းထားများ သတ်မှတ်ဈေးနှုန်းထက်ပိုမိုသည့် နှုန်းထားဖြင့် ဝယ်ယူခဲ့ရခြင်း၊ Fake Accounts များကတစ်ဆင့် ဝယ်ယူခဲ့ရခြင်းများရှိပါက တိုင်ကြားနိုင်ပြီး ပြစ်မှုဆိုင်ရာဥပဒေအရ ထိရောက်စွာအရေးမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ အသိပေးချက် ထုတ်ပြန်ထားမှုအရ သိရသည်။
လေကြောင်းလိုင်းများ၏ လေယာဉ်လက်မှတ်ခ နှုန်းထားများအား သတ်မှတ်ဈေးနှုန်းထက် ပိုမိုသည့် နှုန်းထားဖြင့် ဝယ်ယူခဲ့ရခြင်း၊ Fake Accounts များမှ တစ်ဆင့် ဝယ်ယူခဲ့ရခြင်းများရှိပါက ခရီးသည် အမည်၊ ဝယ်ယူခဲ့သည့်ရက်စွဲ၊ ခရီးစဉ်အချက်အလက်၊ Booking PNR/Ticket အမှတ်၊ ဝယ်ယူခဲ့ရသည့် ဈေးနှုန်းနှင့် ငွေပေးချေသည့် အထောက်အထားစသည့် တိကျသည့် သတင်းအချက်အလက်များနှင့် အတူ သက်ဆိုင်ရာလေကြောင်းလိုင်းများသို့ တိုက်ရိုက်တိုင်ကြားနိုင်ကြောင်း သိရသည်။
ထိုသို့ လေယာဉ် လက်မှတ်ခနှုန်းထားများကို သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချခြင်း၊ Fake Accounts များမှတစ်ဆင့် ရောင်းချခြင်းများတွေ့ရှိရပါက မည်သူမဆိုပြစ်မှုဆိုင်ရာ ဥပဒေကြောင်းအရ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက အသိပေးချက် ထုတ်ပြန်ထားသည်။
