၃.၁၀.၂၀၂၆
Written by Linn Eain
ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့ကို နေရာခြင်းပြောင်းလဲ တာဝန်ပေးခဲ့ကြောင်း အောက်တိုဘာ ၃ ရက်တွင် ထုတ်ပြန်သည့် နိုင်ငံတော်သမ္မတရုံးက အမိန့် ၆၈/၂၀၂၆ အရ သိရသည်။
ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်ကို အလုပ်သမားဝန်ကြီးဌာနသို့ လည်းကောင်း၊ အလုပ်သမားဝန်ကြီးဌာန ယခင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးကို ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသို့ လည်းကောင်း ပြောင်းလဲတာဝန်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ တာဝန်ပေးမှုတို့ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၂ နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေ ပုဒ်မ ၁၂ တို့အရ ပြောင်းလဲတာဝန်ပေးလိုက်ခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။
