၃.၁၀.၂၀၂၆
Written by KL
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ကွင်းရပ်မုန့်တီကုန်း၊ ရတနာမြိုင် (၁) လမ်းကြားရှိ နေအိမ်တစ်လုံးတွင် အောက်တိုဘာလ ၂ ရက် ည ၁၁ နာရီခွဲခန့်က သက်လတ်ပိုင်း အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှု အောက်တိုဘာလ ၂ ရက် ည ၁၁ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း ရုပ်အလောင်းသယ်ယူပေးခဲ့သည့် မော်လမြိုင် Rescue အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
သေဆုံးသူမှာ အသက် ၄၂ နှစ်အရွယ် ဦးမင်းဇော်ဌေး(ခ) ကတုံးဖြစ်ပြီး နေအိမ်၏ သံဇကာကို အသုံးပြုကာ ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကြိုးဆွဲချသေဆုံးခဲ့သော အမျိုးသား၏ရုပ်အလောင်းကို မော်လမြိုင် Rescue အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့မှ အဖွဲ့ဝင်များက မော်လမြိုင်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
ကြိုးဆွဲချသေဆုံးမှုနှင့်ပတ်သက်၍ မော်လမြိုင်မြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဥ် ရေးဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
