သတိုး
၁၉.၉.၂၀၂၆
မူးယစ်ဆေးဖြန့်ချိမှုဆိုင်ရာ ဖမ်းဝရမ်းထုတ်ခံထားရသည့် သံသယရှိသူများကို ပစ်မှတ်ထား ဆောင်ရွက်ခဲ့သည့် စစ်ဆင်ရေးတစ်ခုအတွင်း ရဲတပ်ဖွဲ့က လူ ၁၆ ဦးကို ဖမ်းဆီးခဲ့ပြီး စိတ်ကြွဆေးပြား (ယာဘ) ၁ သန်းကျော်နှင့် အိုက်စ် (Crystal Methamphetamine) ၅၁၄ ကီလိုဂရမ်၊ မော်တော်ယာဉ် ၄ စီးနှင့် သေနတ် ၃ လက်တို့ကို သိမ်းဆည်းရမိခဲ့သည်။
စက်တင်ဘာ ၄ ရက်မှ ၁၁ ရက်နေ့အတွင်း ထိုင်းနိုင်ငံအတွင်းနှင့် ပြည်ပရှိ နေရာ ၁၆ ခုတွင် လူ ၁၆ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ သိမ်းဆည်းရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့် ပစ္စည်းများ၏ စာရင်းပေါက်တန်ဖိုးမှာ ဘတ်သန်း ၁၂၀ ကျော်ရှိကြောင်း ရဲတပ်ဖွဲ့က ခန့်မှန်းထားသည်။
အဆိုပါ “Blocklist Hunt” ဟု အမည်ပေးထားသည့် စစ်ဆင်ရေးကို ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB) အရာရှိများက တစ်ပတ်အတွင်း ထိုင်းနိုင်ငံပြင်ပရှိ အချို့နေရာများအပါအဝင် သီးခြားပစ်မှတ် ၁၆ ခုကို ဝင်ရောက်ရှာဖွေခဲ့ကြသည်။ ဖမ်းဆီးရမိသူများအနက် ၅ ဦးကို အရေးပါသည့် သံသယရှိသူများအဖြစ် ရဲတပ်ဖွဲ့က ဖော်ပြခဲ့သည်။
၎င်းတို့အနက် တစ်ဦးမှာ “Pao Kranuan” ဟု လူသိများသည့် မူးယစ်မှောင်ခိုခေါင်းဆောင်၏ လက်ရုံးဖြစ်ပြီး အရာရှိတစ်ဦးကို သတ်ဖြတ်မှု၊ လူသတ်ရန် ကြံစည်မှုတို့အပါအဝင် ပြစ်မှုများစွာဖြင့် တရားစွဲဆိုခံထားရသူ ဖြစ်သည်။

အခြား ဝရမ်းထုတ်ခံထားရသူ ၂ ဦးကိုမူ မြန်မာနိုင်ငံအထိ ခြေရာခံ လိုက်လံစုံစမ်းခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ၎င်းတို့တစ်ဦးစီအတွက် ဆုကြေးငွေ ဘတ် ၄၀၀,၀၀၀ စီ ထုတ်ပြန်ထားပြီး နှစ်ဦးလုံးသည် အိုက်စ် ၃၀၀ ကီလိုဂရမ် သယ်ယူပို့ဆောင်ခဲ့သည့် ကွန်ရက်တစ်ခုနှင့် ဆက်နွှယ်နေသူများ ဖြစ်ကြသည်။
စတုတ္ထမြောက် အမျိုးသားမှာ ဘိန်းစာရွက်/ဆေးပြား ၁ သန်းကျော် ကိုင်တွယ်ခဲ့သည့် ဘိန်းကန် (Bueng Kan) ပြည်နယ်မှ ဆေးပြားကွန်ရက်နှင့် ဆက်စပ်နေသူ ဖြစ်သည်။ ပဉ္စမမြောက် အမျိုးသားမှာမူ အိုက်စ် ၂၁၄ ကီလိုဂရမ်ကျော်နှင့် ဆက်နွှယ်နေသူ ဖြစ်သည်။
ကျန်ရှိသည့် ၁၆ ဦးအနက် ၁၁ ဦးမှာ ခရိုင်အဆင့် ဖြန့်ဖြူးသူများ ဖြစ်ကြသည်။ လေးဦးမှာ မူအန်ခွန်ကန် (Mueang Khon Kaen) ရှိ အွန်လိုင်း အိုက်စ်ရောင်းဝယ်ရေး ကွန်ရက်မှဖြစ်ပြီး ငါးဦးမှာ ကရာနွန် (Kranuan) နှင့် နောင်ကွန်ဆီ (Nong Kung Si) ရှိ ဆေးပြားကွန်ရက်မှ ဖြစ်ကြသည်။
ရဲမှူးချုပ် Phatthanasak Bupphasuwan က ယခုစစ်ဆင်ရေးသည် လမ်းဘေးအဆင့် ရောင်းချသူများမှသည် ပိုမိုကြီးမားသော ကွန်ရက်များအထိ ဆက်ကြောင်းကို ဖြတ်တောက်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနှင့် သက်သေခံပစ္စည်းများ၏ စုစုပေါင်းတန်ဖိုးမှာ ဘတ်သန်း ၁၂၀ ကျော်ရှိကြောင်း ရဲတပ်ဖွဲ့က ခန့်မှန်းတွက်ချက်ထားသည်။
Ref: Thaiger
