၁၇.၉.၂၀၂၆
Written by KL
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ မန်ခိန်ရပ်ကွက်၊နယ်မြေ (၉)ရှိ နေအိမ်တစ်လုံးတွင် စက်တင်ဘာလ ၁၆ ရက် ည ၉ နာရီ ၃၅ မိနစ်ခန့်က ခြင်ဆေးခွေမီးထွန်းရာမှ နေအိမ်တစ်လုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
အလျား ၂၇ ပေ၊ အနံ ၁၈ ပေရှိ သွပ်မိုး၊ ထရံကာ၊ ပျဥ်ခင်း အောက်ထပ် အုတ်ညှပ် နှစ်ထပ်နေအိမ်၏ အောက်ထပ်တွင် အဝတ်ပုံးအနီး ခြင်ဆေးခွေထွန်းထားရာက အဝတ်အစားများမှတစ်ဆင့် မီးကူးစက်ကာ စတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



မီးလောင်မှုကြောင့် နေအိမ်တစ်လုံးနှင့် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ပြီး မီးငြှိမ်းသတ်ယာဥ် ၂ စီး၊ ရေသယ်ယာဥ် ၂ စီးနှင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ၁၅ မိနစ်အကြာတွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
နေအိမ်တစ်လုံးမီးလောင်ဆုံးရှုံးမှုကြောင့် ဦးအာဂယ်ဆိုသူကို ပလနနယ်မြေရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
