နေမိုး
၁၆. ၉. ၂၀၂၆
PDF များ တပ်မတော်ထံ အလင်းဝင်ပါက အလင်းမဝင်ကြောင်း ဝါဒဖြန့်ချိမှုများ ပြုလုပ်လေ့ရှိသော်လည်း ယနေ့တွင် သရက် PDF ခြောက်ဦးက တပ်မတော်ထံ အလင်းဝင်သွားကြောင်း သရက်ခရိုင်တပ်ရင်း (၄) က ဓာတ်ပုံများဖြင့် အတိအလင်းဝန်ခံလိုက်သည်။
တပ်မတော်ထံ အလင်းဝင်သွားသော PDF များမှာ ပိုင်လေး (ခ) ရန်ပိုင်စိုး၊ လရောင် (ခ) လမင်းသန့်၊ မိုက်ခီ (ခ) ဇင်မိုးအောင်၊ ကောင်းကင် (ခ) မိုးထက်ကျော်၊ ရဲထက် (ခ) မျိုးထက်နိုင်နှင့် ဂျိုကာ (ခ) သူထူးစံတို့ဖြစ်သည်ဟုလည်း ဝန်ခံချက်က ဖော်ပြသည်။








အဆိုပါ PDF ခြောက်ဦးမှာ စစ်တပ်ထံ အညံ့ခံပူးပေါင်းသွားခြင်းဖြစ်ကြောင်း ဝန်ခံချက်တွင် ဖော်ပြထားသလို NUG နှင့် PDF တို့ထုံးစံအတိုင်း တပ်မတော်ထံ အလင်းဝင်သည့် PDF များ၏ မိသားစုများကို PDF အဖွဲ့အသီးသီးက ဒုက္ခပေးနိုင်ရန်လည်း မိဘအမည်များနှင့် နေရပ်လိပ်စာကိုပါ ဖော်ပြထုတ်ပြန်ထားသည်။
တပ်မတော်က PDF များကို အလင်းဝင်ရန် ဖိတ်ခေါ်ချိန်မှစ PDF နှင့် EAOs များမှ လက်နက်ကိုင် ၅၆၀၀ အထက်မှာ NUG၊ PDF နှင့် EAOs တို့၏ ပြည်သူအပေါ် မုဒိမ်းကျင့် သတ်ဖြတ်လုယက်မှုများ၊ ဆက်ကြေးကောက်၊ ပြန်ပေးဆွဲသည့်အပြင် သယံဇာတခိုးထုတ်မှုနှင့် မူးယစ်ဆေးဖြန့်ချိမှုများ စသည့် အနိုင်ကျင့် ရက်စက်ယုတ်မာမှုများကို ဆက်လက် သည်းခံနိုင်စွမ်းမရှိသဖြင့် အလင်းဝင်ခဲ့ကြပြီးဖြစ်သည်။
