၁၂.၉.၂၀၂၆
Written By Thandar
ဖခင်နဲ့ သားသမီးကြားကမေတ္တာတရားကို ဖော်ကျူးပုံဖော်ထားတဲ့ ဒရာမာဇာတ်လမ်းပုံစံ “လွန်”ရုပ် ရှင်ဇာတ်ကားကြီး စတင်ရုံတင်တဲ့အဖွင့်နေ့မှာ ဝင်ငွေစံချိန်တင်အောင်မြင်မှုတွေကြောင့် နှစ်ပတ်ဆက်တိုက် ရုံတင်ခွင့်ရရှိခဲ့ပါတယ်။
“ဒီဇာတ်ကားက တကယ့်ကို အဖေနဲ့ သမီးလေးကြားက ချစ်ခြင်းမေတ္တာတွေကို မြင်ရမဲ့ဇာတ်လေးပါ။ အရမ်းအနှစ်သာရရှိတဲ့ ဒရာမာဇာတ်လေးမုံတို့ အားလုံးကြိုးစားထားတဲ့ကား ရုံတင်တဲ့ အဖွင့်နေ့မှာပဲ စံချိန်တင်အောင်မြင်ခဲ့တာမို့ အရမ်းလည်းပျော်နေပါပြီရှင့်။ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်”လို့ သရုပ်ဆောင် ဝင့်ယမုံနိုင်က ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို DOP အကယ်ဒမီသာကျော်၊ တည်းဖြတ် အောင်မျိုးဦး၊ တွဲဖက်ဒါရိုက်တာ ထက်ဝေယံ၊ ဇာတ်လမ်း၊ ဇာတ်ညွှန်း အောင်ချမ်းသာကရေးသားပြီး ဒါရိုက်တာနေပိုင်က ပုဂံဒေသ နောက်ခံထားပြီး အတ္တနဲ့မာန၊ ငွေကြေးနဲ့အာဏာ၊ မေတ္တာနဲ့ မတရားမှုတွေကြားက လွန်ဆွဲပွဲတစ်ခုကို မြင်တွေ့ကြရမယ့် ဒရာမာဇာတ်လမ်းပုံစံ ဖန်တီးထားတာလည်းဖြစ်ပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ အကယ်ဒမီ မြင့်မြတ်၊ အကယ်ဒမီရဲအောင်၊ ဝင့်ယမုံနိုင်၊ သံသာမိုးသိမ့်၊ အထူးဧည့်သည်သရုပ်ဆောင်တိုင်ရွန်၊ ဇော်ဝင်းနိုင်(မန်း)၊ အကယ်ဒမီဇော်ဦး၊ အကယ်ဒမီ ခင်မို့မို့အေး၊ ထူးသာ၊ ဒိုပေါက်၊ ထက်ဝေယံ၊ ရှင်းသီရိသူ၊ ဂျူးဂျူးဇော်နဲ့ စတဲ့ အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
#မြင့်မြတ် #ရဲအောင် #ဝင့်ယမုံနိုင် #သံသာမိုးသိမ့် #DirectorNayPaing #MyintMyat #ThanTharMoeTheint #WintYaMoneNaing #MyanmarActor #လွန် #drama #KaungFilmProduction
