သတိုး
၁၁. ၉. ၂၀၂၆
ကမ္ဘောဒီးယားနိုင်ငံသို့ ယနေ့တွင် နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ ခေတ္တ နိုင်ငံတော်အကြီးအကဲနှင့် အထက်လွှတ်တော်ဥက္ကဋ္ဌ ဆမ်ဒက်ဟွန်ဆန် တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုနေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ကြသည်။
နေ့လယ်စာအခမ်းအနားတွင် ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲနှင့် အထက်လွှတ်တော် (ဆီးနိတ်) ဥက္ကဋ္ဌ ဆမ်ဒက်ဟွန်ဆန်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မိန့်ခွန်းနှင့် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကာ နှစ်နိုင်ငံ၏ နိုင်ငံတော်သီချင်းများလည်း အပြန်အလှန် အလေးပြုခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ကမ္ဘောဒီးယားဘက်မှ တာဝန်ရှိသူများသည် ဂုဏ်ပြုနေ့လယ်စာကို အတူတကွ သုံးဆောင်ခဲ့ကြရာ နှစ်နိုင်ငံတေးဂီတများဖြင့်ပါ ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။
