၂၁.၈.၂၀၂၆
Translated by Htwe Ko Tun
ကိုလံဘီယာနိုင်ငံတွင် တရားမဝင်ရွှေတွင်းတစ်ခု ဒေသစံတော်ချိန် သြဂုတ်လ ၁၉ ရက် ညက မြေပြိုမှုကြောင့် အနည်းဆုံးလူ ၁၃ ဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရရှခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက အတည်ပြုပြောကြားခဲ့သည်။
နိုင်ငံ၏ အနောက်တောင်ပိုင်း နာရီနိုဒေသ၊ ပိုလီကာပါမြို့ရှိ သတ္တုတွင်းတွင် မြေပြိုမှုသည် သတ္တုရိုင်းများကို မသင့်လျော်စွာထုတ်ယူခြင်းကြောင့် သတ္တုတွင်း၏ အောက်ခြေကို ထိခိုက်စေပြီး ထိုကဲ့သို့ ပြိုကျမှုဖြစ်ပေါ်စေခဲ့ကြောင်း အစိုးရသတင်းရင်းမြစ်တစ်ခုက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

ဒေသဆိုင်ရာအစိုးရအတွင်းရေးမှူး ဖရက်ဒီ ဂါမက်ဖ်ကလည်း သတ္တုတွင်းတွင် သတ္တုရိုင်းများကို မသင့်လျော်စွာ ထုတ်ယူလုပ်ဆောင်နေသော လုပ်ဆောင်ချက်ကြောင့် ဆင်ခြေလျှောတစ်ခုသည် လူများပေါ်သို့ ပြိုကျခဲ့သည်” ဟု ဒေသခံရေဒီယိုသို့ ပြောကြားခဲ့သည်။
ဒေသဆိုင်ရာအာဏာပိုင်များက ပေါက်ကွဲမှုကြောင့် ပြိုကျမှုဖြစ်ပွားခဲ့သည်ဟူသော ကနဦးယူဆချက်ကို ငြင်းဆိုခဲ့သော်လည်း ၎င်းက ဖြစ်ရိုးဖြစ်စဉ်တစ်ခုလည်းဖြစ်သည်။
မီးသတ်သမားများ၊ တူးဖော်သူများနှင့် ဒေသခံများပါဝင်သည့် ကယ်ဆယ်ရေးလုပ်ငန်းများကို သြဂုတ်လ ၂၀ ရက် နံနက် ၂ နာရီခန့်အထိ ဆက်လက်လုပ်ဆောင်ခဲ့ပြီး ပျောက်ဆုံးနေသူအားလုံးကို ရှာဖွေတွေ့ရှိခဲ့ကြောင်း အတည်ပြုခဲ့သည်။
စည်းမျဉ်းမဲ့ ကိုလံဘီယာသတ္တုတွင်းများတွင် ဓာတ်ငွေ့စုပုံမှုကြောင့် ပေါက်ကွဲမှုများ မကြာခဏဖြစ်ပွားလေ့ရှိပြီး အတော်လေးအဖြစ်များသည်။ နာရီနို ကဲ့သို့သော ဒေသများရှိ တရားမဝင်သတ္တုတွင်းများကို ၎င်းတို့၏လုပ်ငန်းများကို ရန်ပုံငွေထောက်ပံ့ရန် ရာဇဝတ်ဂိုဏ်းများက မကြာခဏလည်ပတ်လေ့ရှိသည်။
Ref: AFP

