နေမိုး
၁၆. ၈. ၂၀၂၆
မကွေးတိုင်းမှာ ကျက်စားပြီး NUG နဲ့ AA ကို သစ္စာခံတဲ့ ချင်း CB အဖွဲ့ဝင် ချင်းကာကွယ်ရေးတပ် – အရှို (CDF-Asho ) အဖွဲ့ခေါင်းဆောင် ဆလိုင်းရိုးချင်း အပါအဝင် ချင်း PDF သုံးဦးဟာ တပ်မတော်နဲ့ ထိပ်တိုက်တိုးရာက တိုက်ပွဲဖြစ်ပွားပြီး နေရာတင်ပွဲချင်းပြီးသေဆုံးသွားသလို အလောင်းလည်း ပြန်မရခဲ့ဘူးလို့ ကနဦးသတင်းတွေအရ သိရပါတယ်။
CDF-Asho က ခေါင်းဆောင် ဆလိုင်းရိုးချင်း အပါအဝင် ၇ ဦးဟာ မကွေးတိုင်း၊ ငဖဲမြို့နယ်ထဲ ရိက္ခာသယ်ယူဖို့သွားတဲ့ မနေ့က မနက်ပိုင်း လမ်းမှာတပ်စစ်ကြောင်းနဲ့တိုးပြီး တိုက်ပွဲဖြစ်ရာက ဆလိုင်းရိုးချင်းအပါအဝင်သုံးဦးသေ၊ တစ်ဦးအဖမ်းခံရပြီး သုံးယောက်ပဲလွတ်တယ်လို့ NUG နဲ့ PDF ထောက်ခံတဲ့ မီဒီယာတွေက ဝန်ခံရေးသားနေတာပါ။
CDF-Asho ဘက်က အခုအချိန်အထိ ဒီဖြစ်စဥ်အပေါ် သတင်းမထုတ်ပြန်သေးသလို ဆက်သွယ်မေးမြန်းမှုတွေနဲ့ပတ်သက်လို့လည်း “လတ်တလောအခြေအနေကို ပြောလို့မရသေးပါဘူး” လို့ ဘီဘီစီမြန်မာပိုင်းကို တုံ့ပြန်ဖြေဆိုထားတာလည်း တွေ့ရပါတယ်။
CDF-Asho အဖွဲ့ဟာ ရခိုင်နဲ့ မကွေးတိုင်းအစပ် ရိုးမတစ်ကြောမှာ ရခိုင်အကြမ်းဖက် AA နဲ့ပေါင်းပြီး နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးစခန်းကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီကတည်းက ဝင်တိုက်ပေးနေတာဖြစ်ပြီး နှစ်နစ်ခွဲကြာတဲ့ ဒီနေ့အထိတော့ AA နဲ့ အကြမ်းဖက်ပူးပေါင်းအဖွဲ့တွေဟာ နတ်ရေကန်အနား မသီနိုင်သေးပါဘူး။
