၁၅.၈.၂၀၂၆
Written By Thandar
လာမယ့် ဩဂုတ်လ ၁၉ ရက် ညနေ ၄ နာရီမှာ ပရိသတ်ချစ်ခင်မှုများစွာရရှိထားတဲ့ Project K ရဲ့ 10th Years Anniversary Concert ပွဲကြီးကို ရန်ကုန်မြို့ Novotel Hotel မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်ပါတယ်။
“ကျွန်တော်တို့ Project K အဖွဲ့ရဲ့ 10th Years Anniversary Concert ပွဲကြီးအတွက် Comeback အနေနဲ့ ပြန်လည်ဖျော်ဖြေတင်ဆက်ဖို့အတွက် လုပ်ချင်နေတာလည်း ကြာပါပြီ။ Concert ပွဲတွေကလည်း မလုပ်တာကြာပြီမို့လေ။ အဓိကသီချင်းသစ်တွေကို ပေးချင်တာမို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေပါတယ်။ တချို့သီချင်းတွေဆိုရင် ရေးနေတာ တစ်နှစ်ကျော်လောက်ရှိပြီ။ မိုးထက်တို့နဲ့လေ အသံတွေသွင်းပြီး အကတွေလည်း တိုက်ထားတာတွေရှိတယ်။ တချို့အရာလေးတွေက ပွဲနေ့လာတော့မှပဲ ကြည့်စေချင်ပါတယ်။ ပွဲအတွက် ကျွန်တော်တို့ ဖျော်ဖြေပွဲအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားပြင်ဆင်နေပါတယ်”လို့ Project K အဖွဲ့က ပြောပါတယ်။
အဆိုပါ ဖျော်ဖြေပွဲမှာတော့ တခြားဖျော်ဖြေပွဲတွေနဲ့ မတူညီတဲ့ Stage Design တွေရော အကောင်းဆုံးပြင်ဆင်ထားတယ်လို့ သိရပါတယ်။
Project K အဖွဲ့အနေနဲ့ သူငယ်ချင်းတွေ ဝီလျှံထွန်း၊ ဟိန်းရာ၊ ရဲရင့်သော်၊ ချမ်းမြေ့ဦး၊ ဘုန်းနေလင်း၊ မင်းခန့်ဟိန်းတို့နဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး အောင်မြင်မှုကို တစ်ခုကို ၁၀ စုနှစ်တစ်ခုအထိ တည်ဆောက်ထားသူလည်းဖြစ်ပါတယ်။
Project K အဖွဲ့က မကြာခင်ကာလကလည်း The Return Alum ကိုထွက်ရှိထားတာလည်းဖြစ်ပါတယ်။
Project K ရဲ့ 10th Years Anniversary Concert ပွဲကြီးကို လူကိုယ်တိုင်လာရောက် မကြည့်ရှုသူတွေအတွက် Mahar Application, Mahar Channel လိုင်းတွေက ထုတ်လွှင့်ပြသွားမယ်လို့ သိရပါတယ်။
#ဝီလျှံ #ဟိန်းရာ #Min #Willam #ChanMyaeOo #BhoneNayLinKai #HeinYar #Gums #YeYintThaw #mahar #projectk #ProjectK #AnniversaryComebackConcert #mahartvchannel






