၁၁.၈.၂၀၂၆
Written by KL
ပဲခူတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ ပျဉ်ပုံကြီးကျေးရွာ၊ ဂန္ထဝင်လမ်း၌ မီးဖိုမီးကြွင်းမီးကျန်မှ နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးမှု သြဂုတ်လ ၁၁ ရက် နံနက် ၁ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
အလျား ပေ ၂၀ ၊ အနံ ပေ ၃၀ ရှိ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း ခြေတံရှည်နေအိမ်တစ်လုံးတွင် မီးဖိုမီးကြွင်းမီးကျန်မှ ဘေးရှိထရံသို့ မီးကူးစက်ကာ စတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။

မိနစ် ၃၀ ကြာမြင့်ခဲ့သော မီးလောင်မှုကို မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီခွဲတွင် မီးငြိမ်းခဲ့ပြီး ခြေတံရှည်နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
နေအိမ်မီးလောင်မှုကြောင့် မီးပေါ့ဆစွာသုံးစွဲသူ အမျိုးသမီးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် ဘုရားကြီးနယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
