၂၁.၇.၂၀၂၆
Written By Thandar
ပရိသတ်ချစ်ခင်မှု အခိုင်အမာရရှိထားတဲ့ အနုပညာရှင်စုံတွဲလေးဖြစ်တဲ့ ဟိန်းဝေယံနဲ့ စိုးပြည့်သဇင်တို့ဟာ မကြာခင်နှစ်ယောက်တွဲပြီး ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးချပြဖို့ရှိတယ်လို့ ဆိုပါတယ်။
“စိုးပြည့်တို့က ပုဂံမှာ ဇာတ်ကားရိုက်ရင်းနဲ့ အလုပ်အားချိန်မှာ နှစ်ယောက်သား ဘဝမှာ တစ်ချိန်ပြန်ကြည့်ရင် အမှတ်တရလေးဖြစ်အောင် လျှောက်လည်ဖြစ်တာကို ရိုက်ပြီးတော့ တင်ဖြစ်လိုက်တာပါ။ စိုးပြည့်အနေနဲ့ နှစ်ယောက်တွဲ ရုပ်ရှင်ဇာတ်ကားကြီး အတူရိုက်ဖို့လည်း ရှိပါတယ်။ ပရိသတ်အကြိုက်တွေ့စေမယ့် ဇာတ်လေးတွေရှိပါတယ်။ ကိုယ်နဲ့လိုက်ဖက်မယ့် ဇာတ်လမ်း ဇာတ်အိမ်လေးကို စိုးပြည့်တို့ ဇာတ်လမ်းတွဲ အနုပညာလှုပ်ရှားမှုလေးတွေလည်း ချပြဖို့ရှိပါတယ်”လို့ အကယ်ဒမီ စိုးပြည့်သဇင်က ပြောပါတယ်။
ချစ်စနိုး ပရိသတ်ခေါ်ဝေါ်ကြတဲ့ ငယ်ဇင်တို့စုံတွဲကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာလည်း ပွဲတက်အခမ်းအနားတော်တော်များများကို နှစ်ယောက်တွဲတက်ရောက်ဖို့ အမြဲတမ်းဖိတ်ကြားခြင်းခံနေရတာလည်း ဖြစ်ပါတယ်။ မင်းသား ဟိန်းဝေယံကတော့ ပန်းရိုင်းရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးနေတယ်လို့သိရပါတယ်။
“စိုးပြည့်မေမေက အစ်ကို့ကို့ သားတစ်ယောက်လို ချစ်ပေးတဲ့အတွက် ပျော်ပါတယ်။ နွေးနွေးထွေးထွေးရှိပေးလို့ ဝမ်းသာရတယ်ပေါ့နော်။ ခုလို နှစ်ဖက်မိသားစုတွေ ပျော်ပျော်ရွှင်ရွှင် နွေးနွေးထွေးထွေးလေး ဖြစ်ရလို့ တော်တော်ဝမ်းသာပါတယ်”လို့ သူမက ဆက်ပြောပါတယ်။
#စိုးပြည့်သဇင် #ဟိန်းဝေယံ #SoePayeThazin #HeinWaiYan #MyanmarActress #MyanmarCouple #NgeZin #ငယ်ဇင် #ရုပ်ရှင်ဇာတ်ကားကြီး


