၁၆.၇.၂၀၂၆
Written By Thandar
Shwe Nadi App ရဲ့ “ကျားဘီလူး” ဇာတ်လမ်းတွဲမှာ အပြောကြမ်းပြီး ညီတွေကို မေတ္တာအပြည့်နဲ့ချစ်သလို ဒဲ့ပြော (တည့်ပြော) တတ်တာကြောင့် ရွာထဲမှာလည်းလူမုန်းများတဲ့ ညိုကြီးကာရိုက်တာက ပါဝင်ထားတယ်လို့ သရုပ်ဆောင် စစ်နိုင်က ပြောပါတယ်။
“ကျွန်တော့်က ဒီကျားဘီလူးဇာတ်လမ်းတွဲမှာ အပြောကြမ်းပြီး ညီတွေကို မေတ္တာအပြည့်နဲ့ ချစ်တဲ့သူပေါ့။ ကိုယ့်ညီတွေကို အမြဲကာကွယ်စောင့်ရှောက်ပေးတတ်တဲ့ ညိုကြီး ကာရိုက်တာပါ။ နောက် အမှန်တရားတွေကို ဒဲ့ပြောတတ်တာကြောင့် ရွာထဲမှာလည်း လူမုန်းများတဲ့သူနေရာက ပါဝင်ထားပါတယ်”လို့ သရုပ်ဆောင် စစ်နိုင်က ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ – ဖိုးကျော်(သန်လျင်)က သရုပ်ဆောင်တွေဖြစ်တဲ့ စစ်နိုင်၊ မုဏ်း၊ ထူးခြား၊ အံ့မင်းညို၊ မင်းဇော်၊ ငြိမ်း၊ ချစ်မမမိုး၊ မျိုးကို၊ ဟိဏ်းစစ်၊ ကောင်းစစ်ဟိန်း၊ အောင်ကောင်းဆက်၊ ဖိုးကျော်(သန်လျင်)၊ ဘုန်းမြင့်ဇော်၊ ဇော်ထွန်း၊ ခေးကို၊ ဦးဇေယျလင်း၊ တာတီး၊ ကိုထွဋ်၊ စောအောင်၊ ရှိုင်းမင်းထက်၊ ချောကလျာ စသူတွေနဲ့ ရိုက်ကူးထားပါတယ်။
“ဒီကားက ညိုကြီးက အပြောကြမ်းသလို လက်ရဲဇက်ရဲရှိပြီးတော့ အမှားကို ခွင့်မလွှတ်တတ်သူလည်းဖြစ်တယ်။ ရွာသားတွေရဲ့ မုန်းတီးမှုကို ခံနေရသူဖြစ်ပေမယ့် သူ့ရဲ့ခက်ထန်မှုနောက်ကွယ်မှာတော့ မိဘတွေဆုံးပါးတဲ့နောက် ညီဖြစ်သူတွေကို ပခုံးထမ်းပြီး ဘဝကို ရုန်းကန်ခဲ့ဆိုတော့ တစ်ရွာလုံးနဲ့ တစ်ယောက်နေရာမို့ ပရိသတ်တွေ အားပေးကြဦးလို့ပြောချင်ပါတယ်”လို့ သူက ဆက်ပြောပါတယ်။
“ကျားဘီလူး” ဇာတ်လမ်းတွဲကို ဇူလိုင်လ ၂၀ ရက်ကစ အပတ်စဉ်တနင်္လာကနေ သောကြာနေ့အထိ ည ၇ နာရီအချိန်တိုင်းမှာ ရွှေနဒီအပလီကေးရှင်းက ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။
#စစ်နိုင် #ထူးခြား #အံ့မင်းညို #မင်းဇော် #မုဏ်း #ငြိမ်း #ချစ်မမမျိုး #sitnaing #htoochar #antminnyo #minzaw #mone #nyein #chitmamamyo #ကျားဘီလူး #shwenadiapplication #shwenadi #shwenadiapp





