နေမိုး
၁၅. ၇. ၂၀၂၆
ပြန်လည်မှတ်ပုံတင်ခြင်းမရှိသဖြင့် အလိုအလျောက်ပါတီအဖြစ်မှ ရပ်စဲသွားသော NLD ပါတီ၏ စစ်ကိုင်းတိုင်း အမှတ် (၂) အမတ်ဟောင်းနှင့် NUG ၏ မကွေးတိုင်း PDF ကွပ်ကဲရေးမှူး နေဇင်လတ်က မယားငယ်ထားပြီး အိမ်ထောင်ရေးဖောက်ပြန်မှုအပေါ် မယားကြီးဖြစ်သူက ချမ်းမြေ့လေးမေမေအကောင့်ဖြင့် လူမှုကွန်ရက်တွင် ဖွင့်ချလိုက်သည်ကို တွေ့ရသည်။


နေဇင်လတ်၏ ဖောက်ပြန်ခြင်းခံရသော မယားကြီး၏ လူမှုကွန်ရက်တွင် ရေးသားချက်အရ သူမရုပ်ရည်နှင့်မလိုက်ဖက်ဘဲ ရုပ်ရည်ဆိုးရွားသော ရောဂါသည် နေဇင်လတ်အား NLD ကိုယ်စားလှယ်လောင်းဘဝကတည်းက တစ်မိသားစုလုံးက အားပေးဝန်းရံမဲဆွယ်ပေးခဲ့ကြောင်း၊ နေဇင်လတ်နှင့် အိမ်ထောင်သက် ၇ နှစ်တွင် နေဇင်လတ် ဖောက်ပြန်နေသည်မှာ ၆ နှစ်ရှိပြီဖြစ်ကြောင်း၊ နေဇင်လတ်ထက် ၁၃ နှစ်ငယ်သော မယားငယ်အား သွား၍တွေ့ချိန်တိုင်း PDF များအား ခိုင်းစေခံအဖြစ် အစောင့်ခေါ်ကာ တော်လှန်ရေးကို မယားငယ်အတွက် အသုံးချကြောင်း၊ နေဇင်လတ်နှင့် လင်ခန်းမယားခန်းပြတ်ပြီဖြစ်ကြောင်း၊ တစ်လင်တစ်မယားဥပဒေဖြင့် ထောင်ချနိုင်ကြောင်း စသည်ဖြင့် ရေးသားထားသလို နေဇင်လတ်နှင့် မယားငယ်၊ သူငယ်ချင်းဖြစ်သူနှင့် အပြန်အလှန် ပြောထားသည်များ ချပြထားသည့်အပြင် သမီးတစ်ယောက်ရှိသော မိသားစုပုံနှင့် ဖော်ပြထားသည်ကိုလည်း တွေ့ရသည်။
NLD ပါတီနှင့် NUG ၏ အမတ်၊ ပါတီဝင်၊ ဝန်းရံထောက်ခံသူနှင့် PDF တို့မှာ သက်ငယ်မုဒိမ်းမှု၊ မုဒိမ်းမှု၊ မယားငယ်ထားမှုများဖြင့် နာမည်ပျက်သူ အများအပြားဖြစ်လာနေသော်လည်း NUG အနေဖြင့် ထိထိရောက်ရောက် အရေးယူမှုမရှိသလို ဦးဆောင်သူများဖြစ်သည့် NUG ဝန်ကြီးလွင်ကိုလတ်မှာလည်း မယားငယ်ထားမှုဇာတ်ရှုပ်များအပြင် Lwin Ko Latt အမည်ဖြင့်သုံးသော တရားဝင်အကောင့်တွင် အပြာဝတ္ထုဇာတ်လမ်းပင် ပေါ်တင်တင်ခဲ့သူဖြစ်သည်။



