၁၄.၇.၂၀၂၆
Written by Linn Eain
Online စနစ်ဖြင့် “ခ”၊ “ဂ”၊ “ဃ”၊ “င” ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးခြင်း ဇူလိုင် ၁၇ ရက်က စတင်၍ ဆောင်ရွက်ပေးမည်ဖြစ်ပြီး ယာဉ်မောင်းလိုင်စင် ဝန်ဆောင်မှုလုပ်ငန်းများ၏ ကျသင့်ငွေများအား Digital Payment ဖြင့် ငွေပေးချေနိုင်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ဇူလိုင် ၁၄ ရက်တွင် အသိပေးထုတ်ပြန်မှုအရ သိရသည်။
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရှိ နေပြည်တော်ရုံး၊ ခရိုင်ရုံး (ရန်ကုန်အရှေ့ပိုင်း)၊ ခရိုင်ရုံး(ရန်ကုန်အနောက်ပိုင်း)၊ ခရိုင်ရုံး(ရန်ကုန်တောင်ပိုင်း)နှင့်ခရိုင်ရုံး (ရန်ကုန် မြောက်ပိုင်း)၊ ခရိုင်ရုံး(မန္တလေးတောင်ပိုင်း)နှင့် ခရိုင်ရုံး(မန္တလေးမြောက်ပိုင်း)ရုံးများတွင် ယာဉ်မောင်း လိုင်စင်ဝန်ဆောင်မှုလုပ်ငန်းများ၏ ကျသင့်ငွေများအား Digital Payment ဖြင့် ငွေပေးချေခြင်းနှင့် Online စနစ်ဖြင့် “ခ”၊ “ဂ”၊ “ဃ”၊ “င” ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးခြင်းကို Online စနစ်ဖြင့် သက်တမ်းမကုန်ဆုံးမီ ရက်ပေါင်း ၉၀ အတွင်း ကြိုတင်သက်တမ်းတိုးခြင်းကို ဇူလိုင် ၁၇ ရက် (သောကြာနေ့)ကစတင်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ Online မှ ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးရာ၌ Google Play Store တွင် MM Driver License E-Payment Mobile Application ကို Download ရယူသုံးစွဲရမည်ဖြစ်ပြီး စနစ်နှင့်ပတ်သက်၍ အသုံးပြုရန် အသေးစိတ်အချက်အလက်များအား www.mot.gov.mmi ၊www.rtad.gov.mm www.myanmarrtad.comWebsite များတွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
အဆိုပါ စနစ်နှင့် ပတ်သက်၍ မရှင်းလင်းသည်များရှိပါက ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ရုံးချုပ်(နေပြည်တော်) ၀၆၇-၃၄၀၅၀၉၉၊ နေပြည်တော်ရုံး၀၆၇-၄၅၁၀၀၆၂၊ ၀၆၇-၄၅၁၀၀၆၄၊ တိုင်းဒေသကြီးရုံး(ရန်ကုန်) ၀၉-၉၅၄၉၂၁၀၀၀၊ တိုင်းဒေသကြီးရုံး(မန္တလေး) ၀၉-၄၃၀၉၆၉၈၀ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
