၂၅.၆.၂၀၂၆
Written By Thandar
Mee Eain Shin Film Production က ပရိသတ်တွေ ဘဝအမောပြေစေမယ့် ဟာသဇာတ်လမ်းပုံစံ “အချစ်တတ်ဆုံးလူသား” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲ အခမ်းအနားကို ဇွန်လ ၂၄ ရက် ညနေပိုင်းက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ နဝဒေးရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော်က ဒီဇာတ်ကားက ဦးခင်လှိုင်နဲ့ တတိယအကြိမ် ပြန်ဆုံတဲ့ကားလေးပါ။ ဒီကားကို ဦးခင်လှိုင်ကလည်း အရမ်းရိုက်ချင်တယ်။ ပြောထားတာလည်း အရမ်းကြာပြီ။ ပြီးခဲ့တဲ့ တစ်နှစ်ကျော်လောက်က မင်းသမီးတွေအများကြီးနဲ့ ရိုက်ဖြစ်ခဲ့တာပါ။ ဒီကားမှာ အင်မတန်ကို ချစ်တတ်လွန်းတဲ့သူနေရာ အေးချမ်းကာရိုက်တာက ပါဝင်ထားပါတယ်။ ပရိသတ်တွေ ရုံတင်ပြသရင်လည်း အားပေးပါဦးလို့ ပြောချင်ပါတယ်”လို့ သရုပ်ဆောင် တိုင်ရွန်က ပြောပါတယ်။
အဆိုပါဇာတ်ကားကို ဇာတ်ညွှန်း မင်းကိုစိုး(နတ်သံကွင်း)၊ ဒါရိုက်တာ ခင်လှိုင်(ဉာဏ်ကြီးရှင်)က ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်က ရန်ကုန်မြို့ သန်လျင်မြို့နယ်ဘက်မှာ ရိုက်ကူးပုံဖော်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
သရုပ်ဆောင်တွေဖြစ်တဲ့ တိုင်ရွန်၊ အကယ်ဒမီ ချောရတနာ၊ အကယ်ဒမီခြူးလေး၊ ထက်ထက်ထွန်း၊ သဇင်ထူးမြင့်၊ ပက်စီ၊ ခင်လှိုင်၊ ဂွမ်းပုံကြီး၊ သွက်လက်၊ ဝိုင်းဝိုင်းလည်၊ ဂျယ်လီ၊ ပီယ၊ မိုးဇင်၊ မိုးယံ၊ ပြောင်ကြီး စတဲ့သူတွေ ပါဝင်ထားကြပါတယ်။
“အချစ်တတ်ဆုံးလူသား” The Most Loving Person ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဇွန်လ ၂၆ ရက်နေ့မှစတင်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံတွေမှာ တစ်ပြိုင်နက် ရုံတင်ပြသမှာလည်း ဖြစ်ပါတယ်။
#တိုင်ရွန် #ချောရတနာ #ခြူးလေး #ထက်ထက်ထွန်း #သဇင်ထူးမြင့် #ပက်စီ #ခင်လှိုင် #သွက်လက် #Tyron #ChawYadanar #ChueLay #HtetHtetHtun ThazinHtooMyaint #အချစ်တတ်ဆုံးလူသား #TheMostLovingPerson #ရုပ်ရှင်ဇာတ်ကားကြီး











