သတိုး
၁၉. ၆. ၂၀၂၆
တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့တွင် ကျဲ့ကျန်းပြည်နယ်၊ ဟန်ကျိုးမြို့ရှိ Leapmotor စက်ရုံကို နံနက်ပိုင်းအချိန် လေ့လာခဲ့ပြီးနောက် မွန်းလွဲပိုင်းတွင် Nature ဝါးစက်ရုံနှင့် Unitree လူသားပုံတူစက်ရုံများသို့ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။



Nature ဝါးစက်ရုံတွင် ဝါးအခြေခံပစ္စည်းများ၊ ဝါးအဝတ်အထည်များမှသည် UAV ဒရုန်းတွင် ဝါးပါဝင်မှုများ အသေးစိတ်ကို နိုင်ငံတော်သမ္မတကြီးက လေ့လာခဲ့သလို နိုင်ငံတိုးတက်စေရေးအတွက် ဝါးထုတ်ကုန်တိုးမြှင့်နိုင်မည့်အခြေအနေများကို လေ့လာခဲ့ကြောင်း သိရသည်။




ထို့အတူ Unitree လူသားပုံတူ စက်ရုပ်များထုတ်လုပ်မှုကို လေ့လာရာတွင်လည်း စက်ရုပ်များက နားပန်းဆံသီချင်းဖြင့် ဖျော်ဖြေမှု၊ ခွေးစက်ရုပ်များ လှုပ်ရှားမှု၊ ဘောက်ဆင်ဖြင့် ဖျော်ဖြေမှုများ လေ့လာခဲ့သလို သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
