၁၆.၆.၂၀၂၆
Written By Thandar
Skynet Application မှာ ထုတ်လွှင့်ပြသတော့မယ့် စုံထောက်မှုခင်းဇာတ်လမ်းပုံစံ “ မှော်ဝင်မျက်မှန် – Magic Lens “ ဇာတ်လမ်းတွဲကို ယနေ့ ဇွန်လ ၁၆ ရက်မှာ စတင်ထုတ်လွှင့်ပြသနေပြီဖြစ်ပါတယ်။
“မိဘတွေမရှိတော့တဲ့နောက်ပိုင်း အဖွားနဲ့အတူနေပြီး အဖွားကို အလုပ်ကျွေးပြုစောင့်ရှောက်နေတဲ့ သက်မှူး ကာရိုက်တာနဲ့ ပါဝင်ထားပါတယ်။ ကိုယ့် ဘဝကိုရုန်းကန်ရင်းနဲ့မှ မမျှော်လင့်ထားတဲ့ အပြောင်းအလဲကြောင့် ပြဿနာတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရမယ့်သူလေးနေရာက ပါဝင်ထားပါတယ်”လို့ သရုပ်ဆောင်မှူးထိပ်ထားက ပြောပါတယ်။
အဆိုပါဇာတ်လမ်းတွဲကို ဇာတ်လမ်း လုံမနဲ့ စမ်းဝတီ၊ ဇာတ်ညွှန်း လုံမ၊ ဒါရိုက်တာ စမ်းဝတီက သရုပ်ဆောင်တွေဖြစ်တဲ့ နေထွဋ်၊ မှူးထိပ်ထား၊ မင်းဦး၊ ခင်ဇာခြည်ကျော်၊ ဒေါင်းဝေ၊ ဟန်ဆက်လူ၊ ပြည့်ပြည့်၊ မီကိုခန့်၊ နန်းရွှေအိမ်၊ ဟန်နီဟိန်းသစ်နဲ့ အနုပညာရှင်များစွာနဲ့ ရိုက်ကူးထားပါတယ်။
“မှော်ဝင်မျက်မှန် – Magic Lens” ဇာတ်လမ်းတွဲကို ဇွန်လ ၁၆ ရက်နေ့ကနေ စပြီး အပတ်စဉ် အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့တိုင်း SKYNET Application မှာ ထုတ်လွှင့်မှာဖြစ်ပါတယ်။
#နေထွဋ် #NayHtut #မှူးထိပ်ထား #HmueHtateHtar #မင်းဦး #MinOo
#မှော်ဝင်မျက်မှန် #MagicLensဇာတ်လမ်းတွဲ #SKYNETApplication
