April 29, 2024

မန္တလေးတိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ရောင်းချပေးသည့် အခေါက်ရွှေတုံးများကို တွေ့ရစဥ်

Written by Naing Thuta

လူတစ်ဦး ရွှေ ၁၀သားနှုန်းဖြင့် မီးလင်းရွှေ ၄ပိဿာခွဲအား ယနေ့ (အောက်တိုဘာ ၈ ရက်) နေ့လည် (၂)နာရီတွင် ထပ်မံရောင်းချပေးမည်ဟု မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်အသင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“မနေ့က လာဝယ်သူများလို မဝယ်လိုက်ရတဲ့သူတွေကို ဒီနေ့ထပ်ရောင်းပေးမှာဖြစ်တယ်။ မနေ့က ဝယ်ပြီးတဲ့သူတွေတော့ မပါတော့ဘူး။ ဒီနေ့တော့ မှတ်ပုံတင်နဲ့အတူ အိမ်ထောင်စုပါ တစ်ပါတည်းယူခဲ့ရမှာပါ။ စျေးကတော့ ၂ နာရီထိုးကာနီးမှ ကြေညာသွားမှာပါ”ဟု ရွှေလုပ်ငန်းရှင်အသင်းမှ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

အောက်တိုဘာ ၇ ရက်နေ့က ဝယ်ယူသူအလွန်များပြား၍ ရောင်းချသည့်ရွှေများ အချိန်တိုလေးအတွင်း၌ ရောင်းချနိုင်ခဲ့ခြင်းကြောင့် ယနေ့ထပ်မံရောင်းချမည်ဖြစ်ကြောင်း သိရသည်။ မန္တလေးရွှေအသင်းမှ မီးလင်းရွှေတစ်ကျပ်သား ၂၅၄၀၀၀၀ နှုန်းဖြင့် ရောင်းချခြင်းဖြစ်ပြီး ထိုသို့ ရောင်းချမှုအပြီး ပြင်ပစျေးကွက်တွင် အခေါက်ရွှေ တစ်ကျပ်သားကို ၂၅၉၀၀၀၀ ကျပ်မှ ၂၆၃၅၀၀၀ ကျပ် အထိ မြင့်တက်သွားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News