နေမိုး
၁၂. ၆. ၂၀၂၆
အုပ်ချုပ်ရေးမှူးသားအဖနှစ်ဦးအပါအဝင် ပြည်သူသုံးဦးကို PDF များက ဓား၊ သေနတ်များဖြင့် ရက်စက်စွာ ထိုးခုတ်သတ်ဖြတ်မှု ရေစကြိုနှင့် ရွာငံမြို့နယ်တွင်ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
NUG ဩဇာခံ မကွေး PDF များ၏ ကျူးလွန်မှုဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ ဇွန် ၈ ရက် ည ၁၁ နာရီ ၅၀ မိနစ်တွင် ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၊ မြိုင်ကျေးရွာနေ ဦးအောင်မျိုးခိုင်(ခ)သားချို (၄၄)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF လေးဦးက ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးအောင်မျိုးခိုင်(ခ)သားချိုတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အလားတူ ဇွန် ၉ ရက် နံနက် ၄ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ အမှတ်(၄)ရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလွင်မျိုးအောင်(၆၁)နှစ်သည် ၎င်း၏သားဖြစ်သူ မောင်ရဲမာန်(ခ)စိုးသီဟအောင်(၁၈)နှစ်နှင့်အတူ နေအိမ်၌ ရှိနေစဉ် PDF ၁၀ ဦးခန့် ရောက်ရှိလာပြီး ရေစကြိုကမ်းနားလမ်းသို့ ဖမ်းဆီးခေါ်ဆောင်၍ ဓားဖြင့် ထိုးခုတ် သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဦးလွင်မျိုးအောင်နှင့် သားဖြစ်သူ မောင်ရဲမာန်(ခ)စိုးသီဟအောင်(၁၈)နှစ်တို့ကို သတ်ဖြတ်သည်မှာ ရေစကြို PDF များဖြစ်ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝန်ခံချက်နှင့်တကွ MT News က သတင်းဖော်ပြထားပြီးဖြစ်သည်။
နောက်ဆုံးထုတ်ပြန်ချက်များအရ နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယမန်နှစ် ဒီဇင်ဘာလ ၂၆ ရက်အထိ NUG၊ PDF နှင့် EAOs တိုက ဒလန်၊ သူလျှိ၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ စုစုပေါင်း ၉၉၀၈ ဦး သေဆုံးခဲ့ကာ ၁၃၀၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။
