၁၀.၆.၂၀၂၆
Translated by Htwe Ko Tun
ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ကပ်ရောဂါဆိုးက ယခုအခါ ထပ်မံပျံ့နှံ့လာခြင်း ရှိတော့ဟု ယူဆကြသော်လည်း ဂျပန်နိုင်ငံတွင် ကိုဗစ်-၁၉ ကြောင့် တစ်နှစ်လျှင် လူ ၃၀,၀၀၀ ကျော် သေဆုံးနေရဆဲဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းဇယားများအရ သိရသည်။
ကိုဗစ်-၁၉ ကြောင့် နှစ်စဉ်သေဆုံးသူဦးရေသည် ဂျပန်နိုင်ငံတွင် ရာသီတုပ်ကွေးရောဂါအဆင့်သို့ ကျဆင်းသွားသည်မှာ သုံးနှစ်ကြာခဲ့ပြီဖြစ်သော်လည်း ထိုသုံးနှစ်တိုင်တိုင် ဂျပန်နိုင်ငံတွင် ၎င်းကြောင့် နှစ်စဉ်သေဆုံးသူ ၃၀,၀၀၀ အထိ ဆက်လက်ရှိကာ အသေအပျောက်အများဆုံးရောဂါတစ်ခုအဖြစ်ရှိနေဆဲဟု သိရသည်။ ကိုဗစ်-၁၉ ကိုဖြစ်စေသော နိုဗယ်ကိုရိုနာဗိုင်းရပ်၏ အဆက်မပြတ်ပြောင်းလဲနေသည့် မျိုးစိတ်ပုံစံကြောင့် သက်ကြီးရွယ်အိုများမှာ အန္တရာယ်အများဆုံးဖြစ်ကြောင်းလည်း စာရင်းဇယားများက ဆိုသည်။
၂၀၂၃ ခုနှစ် နှင့် ၂၀၂၄ ခုနှစ်များတွင် ကိုဗစ်-၁၉ က ဂျပန်နိုင်ငံတွင် ရှစ်ခုမြောက်လူအသေအပျောက် အများဆုံးရောဂါအဖြစ် ရှိခဲ့သည်ဟုလည်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းဇယားများအရ ၂၀၂၄ ခုနှစ်တွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၃၆,၀၀၀ ရှိပြီး ၆၅ နှစ်နှင့်အထက် သေဆုံးသူများ၏ ၉၀ ရာခိုင်နှုန်းကျော်မှာ ကိုဗစ်-၁၉ ရောဂါကြောင့် လည်းဖြစ်ခဲ့သည်။ “သက်ကြီးရွယ်အိုများနှင့် ခုခံအားကျဆင်းမှုရောဂါ၊ ဆီးချိုရောဂါနှင့် ကျောက်ကပ် ဆိုင်ရာရောဂါများကဲ့သို့သော အခြေခံကျန်းမာရေးပြဿနာများရှိသူများသည် ကိုဗစ်-၁၉ မှ ပြင်းထန် သော လက္ခဏာများဖြစ်ပေါ်လာနိုင်ခြေ ပိုများကြောင်း လေ့လာချက်များအရ သိရသည်။
ဂျပန်နိုင်ငံ၌ကြီးမားသော ကိုဗစ်-၁၉ ဖြစ်ပွားမှုသည် နွေရာသီနှင့် ဆောင်းရာသီတွင် ဖြစ်ပွားနိုင်ခြေ ပိုများကြောင်း လေ့လာမှုများအရ တွေ့ရသည်။ သို့သော် လည်း ၂၀၂၅-၂၀၂၆ ခုနှစ် ဆောင်းရာသီတွင် ယခင်နှစ်များထက် ကူးစက်မှု နည်းပါးလာသည်ကို တွေ့ရသည်။
ဗိုင်းရပ်ကူးစက်မှု ကျဆင်းခြင်းအတွက် ဖြစ်နိုင်သော အကြောင်းရင်းများစွာတွင် ဗိုင်းရပ်ကူးစက်မှုကို ကာကွယ်သည့် တုပ်ကွေးမျက်နှာဖုံးများကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုခြင်းနှင့် မကြာခဏ လက်ဆေးခြင်းတို့ ပါဝင်သည်ဟုလည်း ယူဆရသည်။ ထို့အပြင် ထိုအချိန်တွင် တုပ်ကွေးရောဂါ အကြီးစား ဖြစ်ပွားပြီး လူသိများသောဗိုင်းရပ်စ်တစ်မျိုးရှိနေခြင်းက အခြားကူးစက်ဗိုင်းရပ်များကို နှိမ်နှင်းရန် ကူညီပေးနိုင်ခဲ့ခြင်းဟုလည်းဆိုကြသည်။
သို့သော် ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် စတင်ပေါ်ပေါက်ခဲ့သော အိုမီခရွန် (Omicron) မျိုးစိတ်သည် ၂၀၂၂ ခုနှစ်အစတွင် ဂျပန်နိုင်ငံ၌ အဖြစ်များလာပြီးနောက် ယခုတိုင် ထင်ရှားသည့် ရောဂါပိုးအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်သည်။
ဒီဇင်ဘာလတွင်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် အိုမီခရွန် အမျိုးအစား၏ BA.3.2 မျိုးကွဲကို စောင့်ကြည့်ရေးပစ်မှတ်အဖြစ် သတ်မှတ်ခဲ့သည်။
Japan Institute for Health Security (JIHS) မှ အချက်အလက်များအရ ဂျပန်နိုင်ငံတွင် ပထမဆုံး အတည်ပြု BA.3.2 ကို ယခုနှစ် ဇန်နဝါရီလတွင် အစီရင်ခံတင်ပြခဲ့သည်။ မတ်လအထိ နိုင်ငံတစ်ဝှမ်းရှိ လူနာများမှ ယူဆောင်လာသော နမူနာ ၈၇ ခုအနက် ၁၃ ခုတွင် အဆိုပါ ရောဂါပိုးကို ရှာဖွေတွေ့ရှိခဲ့သည်။
ထို့ကြောင့်လည်း Tokyo Medical University Hospital’s Travel Clinic မှ ကူးစက်ရောဂါဆိုင်ရာ ဧည့်ပါမောက္ခ အက်ဆူအို ဟာမားဒါက ဂျပန်နိုင်ငံတွင် ကိုဗစ်-၁၉ က အလွန်စိုးရိမ်ရသော အခြေအေနေတွင် မရှိသော်လည်း ပြည်သူများ၏ ကျန်းမာရေးအတွက် အလေးထားကာကွယ်ရန် လိုအပ်နေဆဲဟု ပြောခဲ့ကြောင်း သိရသည်။
