နေမိုး
၈.၆. ၂၀၂၆
မြို့သိမ်းပွဲတွေ ဆင်နွှဲပြီး လုယက်မှုတွေ ကျူးလွန်နေတဲ့ KIA ဟာ ရွှေကူတစ်မြို့လုံး ထွက်ပြေးဖို့ ဒီနေ့မှာ စာထုတ်ပြီး ခြိမ်းခြောက်လိုက်ပါတယ်။
KIA တပ်ရင်းမှူး လက်မှတ်ရေးထိုးထုတ်ပြန်တဲ့ ခြိမ်းခြောက်စာထဲမှာ တပ်မဟာ (၁၁) ၊ တပ်ရင်း (၁၂) နယ်မြေဖြစ်တဲ့ ရွှေကူမြို့အဝင်လမ်းမကြီးနဲ့ ငါးအိုး ရွှေကူလမ်းမကြီး အားလုံးကို ဒီ ဇွန်လ ၈ ရက်နေ့က စတင်ပြီး ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်ပင်လိုက်တယ်လို့ ဖော်ပြပါတယ်။
ဒါကြောင့် ရွှေကူမြို့တွင်းနေထိုင်တဲ့ ပြည်သူတွေအနေနဲ့ တော်လှန် – လမ်းကူး – စီသာ – မိုးကင့် – စီဖွားလမ်းပိုင်းကိုသာ အသုံးပြုရမယ်လို့လည်း အမိန့်ပေးထားပြီးထွက်ခွာတိမ်းရှောင်မှု မပြုဘဲ ရွှေကူမြို့တွင်းနေထိုင်နေတဲ့ မိဘပြည်သူတွေ နောက်ဆက်တွဲဖြစ်လာမယ့် ပြဿနာတွေကို KIO/KIA အနေနဲ့ လုံးဝ (လုံးဝ)တာဝန်ယူမှာမဟုတ်ဘူးလို့လည်း KIA တပ်မဟာ (၁၁)၊ အမှတ်(၁၂) တပ်ရင်းမှူးက လက်မှတ်ရေးထိုးပြီး ခြိမ်းခြောက်ထုတ်ပြန်ထားပါတယ်။
KIA ရဲ့ ဒီ ခြိမ်းခြောက်ထုတ်ပြန်မှုကို ပြည်သူအများအပြားက ရှုတ်ချနေကြသလို ပထမဆုံးစာတင်တဲ့ Social punishment Shwegu Page မှာ Treasures Lynn အကောင့်ပိုင်ရှင်က “ဗန်းမော်မှာ ခိုးစရာကုန်ပြီထင်ပါတယ်။ ခက်တာက မင်းတို့ KIA , PDF တွေကို ငါတို့ပြည်သူတွေက သူခိုးမှန်း သိလာမြင်လာတော့ စေ-ာက်ထင်မကြီးတော့ဘူးပေါ့ ငါ-ိုးမသားလေးတွေရေ”လို့ ဆဲဆိုထားပါတယ်။
ဒါ့အပြင် ဘရန်ဆိုင်းအကောင့်ပိုင်ရှင်ကလည်း “ဗန်းမော်ခရိုင်ရဲ့ နောက်ဆုံးလက်ကျန်မြို့လေး ရွှေကူမြို့… ဒီမြို့ပါပျက်ရင် ဗန်းမော်ခရိုင်တစ်ခုလုံး ပြာပုံဖြစ်ပြီပေါ့”လို့ လူမှုကွန်ရက်မှာ ဝေဖန်ထားပါတယ်။
ဒါအပြင် Banmaw University Academi Life Page က “ရွှေကူမြို့ ပြာကျတော့မည့် အခြေအနေ။ ရွှေကူမြို့သိမ်းတိုက်ပွဲ လုပ်ရန် စီစဥ်နေ…။ မရောင်ရာ ဆီလူးတဲ့ အဖွဲ့တွေပါကွ။ ဗန်းမော်လည်းသူတို့ဝင်လာလို့ အကုန်ကြေမွသွားပြီ။ ပြည်သူသောင်းချီသိန်းချီ ဆင်းရဲဒုက္ခအကြီးအကျယ်ရောက်ခဲ့ရပြီးပြီ။ အခု ရွှေကူကို ဘာတွေမျော်လင့်နေလို့ မဲနေသလဲမသိ”လို့ ဝေဖန်ထားပါတယ်။
