
၃.၆.၂၀၂၆
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ တော်ဝင်မိဖုရားကြီးရဲ့ အသက် ၄၈ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် တော်ဝင် လွတ်ငြိမ်းခွင့် ရရှိသူတွေမှာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ ပါဝင်တယ်လို့ ထိုင်းအစိုးရ တရားရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရတ်သာပွန် နော်ဝါရတ်က ဇွန်လ ၃ ရက်မှာ ပြောကြားခဲ့ပါတယ်။
တရားရေးဝန်ကြီးက လွတ်ငြိမ်းခွင့် ရရှိသူတွေစာရင်းမှာ သက်ဆင်ရဲ့အမည် ပါဝင်တယ်လို့ အတည်ပြုခဲ့ပါတယ်။ စာရင်းမှာ တော်ဝင်လွတ်ငြိမ်းခွင့်ရသူ မည်မျှပါဝင်တာကိုတော့ သူက မပြောကြားခဲ့ပါဘူး။
မစ္စတာ သက်ဆင်၏ တရားဥပဒေကြောင်းအခြေအနေနဲ့ ကျန်ရှိတဲ့ ပြစ်ဒဏ် တစ်လနဲ့ ၁၀ ရက်ကို ပြီးမြောက်အောင် ထမ်းဆောင်ရမည်လားဟု မေးမြန်းခဲ့ရာ ဒုတိယဗိုလ်ချုပ်ကြီး ရတ်သာပွန်က ဝန်ကြီးချုပ်ဟောင်းကို ပြစ်ဒဏ်မှ ချက်ချင်းလွတ်မြောက်မည်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
သူက “ဥပဒေအရ ဝန်ကြီးချုပ်ဟောင်းရဲ့ ကျန်ရှိသေးတဲ့ပြစ်ဒဏ်မှာ ပြစ်ဒဏ်တစ်နှစ်ထက် နည်းတာကြောင့် ပုဒ်မ ၈ နဲ့အညီ ချက်ချင်းလွတ်မြောက်မည်ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
မစ္စတာ သက်ဆင်ဟာ ကြေညာချက်မထုတ်ပြန်မီ မေလ ၁၁ ရက်မှာ စတင်ခဲ့တဲ့ လေးလကြာ စမ်းသပ်ကာလ လွတ်ငြိမ်းခွင့်နဲ့ အကျဉ်းထောင်မှ လွတ်မြောက်နေတာဖြစ်ပြီး ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၉ ရက်မှာ ပြစ်ဒဏ်ပြီးဆုံးမှာပါ။ ထိုကာလအတွင်း သူက တစ်လလျှင် တစ်ကြိမ် သူ့ရဲ့ စမ်းသပ်အရာရှိထံ သတင်းပို့ဖို့ လိုအပ်ပါတယ်။
ဝန်ကြီးချုပ်ဟောင်းအနေနဲ့ စမ်းသပ်ကာလအတွင်း ဝတ်ဆင်ထားရတဲ့ အီလက်ထရွန်နစ်ခြေကျင်းကိုလည်း ချက်ချင်းဖယ်ရှားနိုင်မလားလို့ မေးမြန်းခဲ့ရာမှာ ဝန်ကြီးက ဖယ်ရှားနိုင်မှာဖြစ်တယ်လို့ အတည်ပြု ဖြေကြားခဲ့ပါတယ်။
တော်ဝင်လွတ်ငြိမ်းခွင့်က သက်ဆင်ရဲ့ စမ်းသပ်ကာလကို ချက်ချင်း အဆုံးသတ်စေပြီး စမ်းသပ်လွတ်ငြိမ်းကာလမှာလို အာဏာပိုင်များထံ သတင်းပို့ရန် မလိုအပ်တော့ဘဲ ပြစ်ဒဏ်သက်တမ်း ချက်ချင်း ကုန်ဆုံးမည်ဖြစ်ကာ စက်တင်ဘာလ ၉ ရက်အထိ စောင့်ဆိုင်းနေဖို့ လိုအပ်မှာမဟုတ်တော့ပါဘူး။
ဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူးလ်က သက်ဆင်တော်ဝင်လွတ်ငြိမ်းခွင့် ရရှိတာအတွက် ဂုဏ်ပြုတယ်လို့ ပြောခဲ့ပေမယ့် သတင်းထောက်တွေကို နောက်ထပ် မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။
သက်ဆင်ရဲ့ သမီး ပင်တုံတာ ရှင်နာဝပ် ကူနာခွန်ဝေါင်က မိသားစုဟာ သတင်းကြောင့် အလွန်ကျေးဇူးတင်ပြီး ဝမ်းမြောက်မိတယ်လို့ မျက်ရည်တွေကြားမှ ပြောကြားခဲ့ပါတယ်။
အသက် ၇၆ နှစ်ရှိ မစ္စတာသက်ဆင်ကို ၂၀၀၆ ခုနှစ်မ တိုင်မီ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ် အာဏာအလွဲသုံးစားပြုမှုနဲ့ အကျိုးစီးပွားပဋိပက္ခတွေအတွက် တစ်နှစ်တာပြစ်ဒဏ်ကို အမှန်တကယ် ကျခံဖို့ ၂၀၀၅ ခုနှစ် စက်တင်ဘာလ ၉ ရက်မှာ တရားရုံးချုပ်က အမိန့်ချမှတ်ခဲ့တာပါ။
Ref- Bangkok Post
