၃၀.၅.၂၀၂၆
Written By Thandar
အနုပညာ၊ ရုပ်ရှင်၊ ဂီတနဲ့ ဖျော်ဖြေရေးကဏ္ဍတွေကို ထုတ်လွှင့်သွားမယ့် Shwe Nadi Application ရဲ့ တရားဝင် မိတ်ဆက်ပွဲ အခမ်းအနားကို မေလ ၂၉ ရက် ညပိုင်းက ရန်ကုန်မြို့ Novotel Hotel မှာ ကျင်းပခဲ့ရာ နာမည်ကြီး အနုပညာရှင်များစွာ တက်ရောက်ချီးမြှင့်ခဲ့ကြပါတယ်။
“ကျွန်တော့်တို့ Shwe Nadi Application က လက်ရှိ မေလ ၂၉ ရက်မှာ စတင်ထုတ်လွှင့်နေတဲ့ နှင်းဆီဆူး ဇာတ်လမ်းတွဲအပြင် အနုပညာဖျော်ဖြေရေး အစီအစဉ်တွေပြသနေလျက်ရှိပါတယ်။ လက်ရှိကျင်းပနေတဲ့ Road To Miss Universe Myanmar 2026 ပြိုင်ပွဲကြီးမှာလည်း ကိုယ်ကြိုက်နှစ်သက်တဲ့ အလှမယ်တွေကိုလည်း တိုက်ရိုက်မဲပေးရွေးချယ်နိုင်တဲ့ Voting စနစ်လည်းထည့်ထားပါတယ်။ ကျွန်တော်တို့ ပွဲအထိမ်းအမှတ်အနေနဲ့ အထူးအစီအစဉ်ပေါ့ Shwe Nadi Application ကို Download ရယူပြီးတော့ အကောင့်ဖွင့်လှစ် (Registration) ပြုလုပ်ထားသူတွေကိုလည်း ရွှေပြားတွေ ကံစမ်းမဲဖောက်ပေးမှာဖြစ်ပါတယ်”လို့ အဆိုပါပွဲက တာဝန်ရှိသူက ပြောပါတယ်။
အဆိုပါ မိတ်ဆက်ပွဲ အခမ်းအနားကို မြန်မာ့ထိပ်တန်း အနုပညာရှင်တွေဖြစ်တဲ့ ရန်အောင်၊ ရဲအောင်၊ စိုင်းစိုင်းခမ်းလှိုင်၊ နိုင်းနိုင်း၊ ဖြိုးငွေစိုး၊ မင်းဦး၊ ခန့်စည်သူ၊ မြင့်မြတ်၊ နေမျိုးအောင်၊ ပိုင်ဇေရဲထွန်း၊ ခင်လှိုင်၊ နေဝင်း၊ ဘုဏ်းသိုက်၊ အောင်ရေချမ်း၊ စည်သူဝင်း၊ ချာလီငြိမ်း၊ ဗုံဗုံ၊ ချောရတနာ၊ မေဂရေ့စ်၊ မယ်လိုဒီ၊ ဝိုင်းစုခိုင်သိန်း၊ မေမြင့်မိုရ်၊ ခင်ဝင့်ဝါ၊ Mဆိုင်းလူ၊ ခြူးလေး၊ ဝင့်ယမုံနိုင်၊ အဒီရာဦး၊ စံရတီမိုးမြင့်၊ နန်းခင်ဇေယျာ၊ ပန်းရောင်ခြယ်၊ သဲစုညိမ်း၊ မိုးယုစံ စတဲ့သူတွေ တက်ရောက်ခဲ့ကြပါတယ်။
အပိုင်း ၁၆ ပိုင်း ပါဝင်တဲ့ “နှင်းဆီဆူး”ဇာတ်လမ်းတွဲကိုလည်း Shwe Nadi Application ကနေ အခမဲ့ ကြည့်ရှုခွင့်ပေးထားတယ်လို့သိရပါတယ်။
#MayGrace #YanAung #YeAung #SaiSaiKhamLeng #NineNine #AdiraOo #MSengLu #SHWENADIAPP #ShweNadiApp #MyanmarActor #MyanmarCele #MyanmarActress #နှင်းဆီဆူး
















