၂၆.၅.၂၀၂၆
Written By Thandar
Film River Production က ရိုက်ကူးတဲ့ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တစ်ခုရဲ့ မီးဖိုချောင်ထဲက Suspense ဇာတ်လမ်းပုံစံ “အပြစ်မဲ့ နှလုံးသား” (The Chefs Secret) ဇာတ်လမ်းတွဲ Premiere Show ပွဲအခမ်းအနားကို မေလ ၂၅ ရက် ညနေပိုင်းက ရန်ကုန်မြို့ Zealax Hotel မှာ ကျင်းပခဲ့ပါတယ်။
“ဒီဇာတ်ကားမှာ မေမီက ထက်မြက်ပြီးတော့ မှန်ရာကိုဇွတ်လုပ်တတ်တဲ့ ကောင်မလေး ယမုံနိုင် နေရာက ပါဝင်ထားပါတယ်။ နောက်ကိုယ်က ဒိတ်ဒိတ်ကြဲချမ်းသာတဲ့ သူဌေးမိသားစုက ကြီးပြင်းလာတဲ့သူပေါ့။ ဒါပေမယ့် ကိုယ့်ပတ်ဝန်းကျင်မှာ ချမ်းသာတာကို လူသိမခံဘဲ ဘဝကိုဖုံးကွယ်ပြီး သာမန်မိန်းကလေး တစ်ယောက်လို နေထိုင်တာပေါ့နော်။ မိဘတွေရဲ့ ဆန္ဒနဲ့ ဆန့်ကျင်ဘက်ပေါ့နော်။ ကိုယ့်ရဲ့ Chef’s တစ်ယောက်ဖြစ်ချင်တဲ့ အိပ်မက်ကို အကောင်အထည်ဖော်ရင်း မထင်မှတ်ထားတာလေး ဖြစ်လာမှာပေါ့နော်။ ပရိသတ်မြင်တွေ့နေကြ အလောင်တော့ မဟုတ်ဘဲ Suspense ဇာတ်လမ်းပုံစံလေးမို့ အားပေးကြပါဦးလို့ပြောချင်ပါတယ်”လို့ သရုပ်ဆောင် မေမီကိုကိုက ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း ဟေမာန်ဟိဏ်း၊ ဇာတ်ညွှန်း ဟေမာန်ဟိဏ်းနဲ့ ချမ်း၊ AD ကိုတင်မောင်၊ DOP အောင်ဘုန်းကျော်၊ ဒါရိုက်တာ ပြည့်ဖြိုးဟန် (PD)က ရိုက်ကူးပြီး သရုပ်ဆောင်တွေဖြစ်တဲ့ နေထွဋ်၊ နေထက်လင်း၊ မေမီကိုကို၊ ပက်စီ၊ ချယ်ချယ်၊ မင်းသူ၊ ဒေါင်းဝေ၊ သက်ထက်၊ မိုးကောင်းကင်၊ ကိုဟိန်း၊ အေးအေးအောင်၊ မဇင်နဲ့ ကလေးသရုပ်ဆောင် ဘုန်းမြင့်မြတ်၊ ရွှန်းပြည့်ဝတီနိုင်၊ ငွေအဆင်းကိုကို စတဲ့ အနုပညာရှင်ပေါင်းများစွာ ပါဝင်ထားကြပါတယ်။
အပိုင်း ၁၆ ပိုင်းပါဝင်တဲ့ “အပြစ်မဲ့ နှလုံးသား” (The Chefs Secret) ဇာတ်လမ်းတွဲကို မေလ ၂၉ ရက်မှာ စတင်ပြီး Show Like က ထုတ်လွှင့်ပြသပေးမှာ ဖြစ်ပါတယ်။
#နေထွဋ် #မေမီကိုကို #နေထက်လင်း #NayHtut #MayMiKoKo #NayHtetLin #အပြစ်မဲ့နှလုံးသား
#TheChefsSecret #MyanmarActress #MyanmarActor #ပြည့်ဖြိုးဟန် #ဟေမာစန်း









