၂၃.၅.၂၀၂၆
Written By Thandar
Mahar Original Series က ဂမ္ဘီရဆန်ဆန် လျှို့ဝှက်ချက်တွေနဲ့ အတ္တတွေကြားက အားပြိုင်ကြတဲ့ဇာတ်လမ်းပုံစံ “လက်ပံတံခါး” ဇာတ်လမ်းတွဲမှာ ဂမ္ဘီရစွမ်းအားရှိသူ တန်ခူးခင်ဆိုတဲ့ ကာရိုက်တာနေရာက ပါဝင်ထားပါတယ်လို့ သရုပ်ဆောင် ဖုန်းသီရိကျော်က ပြောပါတယ်။
“လက်ပံတံခါးမှာ တန်ခူးခင်ဆိုတဲ့ ကာရိုက်တာနဲ့ပါဝင်ထားပါတယ်။ တန်ခူးခင်က ဆယ်ကျော်သက် ၁၈ နှစ်အရွယ်ကောင်မလေးပေါ့။ သူက ကိုယ့်ကိုယ်ကိုယ် သာမာန်ကောင်မလေး တစ်ယောက်လိုပဲ ထင်ထားခဲ့တယ်။ ဒါပေမယ့် သူ့အမေရဲ့မွေးရပ်မြေကို အကြောင်းအမျိုးမျိုးကြောင့် ပြန်တဲ့အချိန်မှာ သူ့မှာရှိတဲ့ ပုန်းအောင်းနေတဲ့ ဂမ္ဘီရစွမ်းအားလေးကို အမှတ်မထင်ရှာဖွေတွေ့ရှိသွားတယ်ပေါ့နော်။ ဇာတ်လမ်းလေးကတော့ မှော်ဆန်ဆန်လေး ရိုက်ထားတာမို့ ပရိသတ်တွေ စောင့်ကြည့်ပေးကြပါဦး”လို့ သရုပ်ဆောင် ဖုန်းသီရိကျော်က ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း ညမွှေးပန်း၊ ဇာတ်ညွှန်း သင်းနံ့သာ၊ အိမ့်သဒ္ဒါတို့က ရေးသားပြီး ဒါရိုက်တာ ထွဋ်တင့်ထွန်းက သရုပ်ဆောင်တွေဖြစ်တဲ့ ဘုန်းရှိန်ခန့်၊ ဝင်းခန့်မိုး၊ ယံမြတ်၊ ဖြိုးခန့်၊ အကယ်ဒမီ မြတ်ကေသီအောင်၊ ဖုန်းသီရိကျော်၊ ဆုထက်လှိုင်၊ တာတာ၊ ရဲမွန်၊ ဟိန်းဇေ၊ ဇက်ဂိုဟန်၊ မိုးသဲဖြူ၊ ဒေါ်ဝေဝေခင် စတဲ့အနုပညာရှင်တွေနဲ့ ရိုက်ကူးထားပါတယ်။
Mini Series ဖြစ်တဲ့ “လက်ပံတံခါး” ဇာတ်လမ်းတွဲကို မနက်ဖြန် မေလ ၂၄ ရက်ကစတင်ပြီး အပတ်စဉ် စနေနေ့နဲ့ တနင်္ဂနွေနေ့တိုင်းမှာ Mahar Application က ထုတ်လွှင့်ပြသမှာလည်းဖြစ်ပါတယ်။
#မင်းဘုန်းမြတ် #ဖုန်းသီရိကျော် #MinPhoneMyat #BhoneSheinKhant #YanMyat #Phyokhant #MyatKayThiAung #PhoneThiriKyaw #SuHtetHlaing #TarTar #YeMon #HeinZay #ZGohan #MoeThaePhyu #MayTharaWun #Mahar #MiniSeries #လက်ပံတခါး
