




၂၂.၅.၂၀၂၆
Photo by Nay Yaung Lin
ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ် ဗားဂရာဆိပ်ကမ်းမှာရှိတဲ့ အုန်း၊ ငှက်ပျောဒိုင်များကို နယ်ကနေ ဝင်ရောက်လာတာဖြစ်ပြီး စက်သုံးဆီဈေးနှုန်းမြင့်တက်လာမှုနဲ့အတူ တန်ဆာခကြီးမြင့်လာတယ်လို့ ကုန်စည်ဒိုင်များက ပြောပါတယ်။
တန်ဆာခဟာ ယခင်က ငှက်ပျောတစ်ခိုင်ကို ၄၀၀၀ ကျပ်ခန့်သာ ကျသင့်သော်လည်း ယခုအခါ တစ်ခိုင်ကို ၆၀၀၀ ကျပ်ကနေ ၈၀၀၀ ကျပ်လောက်အထိ မြင့်တက်လာတယ်လို့ သိရပါတယ်။ သယ်ယူခမြင့်တက်သော်လည်း ပြန်လည်ရောင်းချရာမှာတော့ အနည်းငယ်သာ ဈေးတင်၍ရပြီး အရောင်းအဝယ်ကလည်း ကျဆင်းနေတယ်လို့ အုန်း၊ငှက်ပျောဒိုင်များထံမှ သိရပါတယ်။
ဗားဂရာ အုန်း၊ငှက်ပျော ကုန်စည်ဒိုင်ဟာ ရန်ကုန်တစ်မြို့လုံးကို အုန်းသီး၊ ငှက်ပျောသီး ဖြန့်ဖြူးရောင်းချရာနေရာဖြစ်ပြီး မိုးကြိုကာလ အုန်း၊ ငှက်ပျောဒိုင်များ အရောင်းအဝယ်ပြုလုပ်နေပုံများကို ရိုက်ကူးဖော်ပြလိုက်ရပါတယ်။
