


၂၁.၅.၂၀၂၆
Written by KL
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြိို့နယ်၊ သပြေရေကျေးရွာရှိ RC နှစ်ထပ်ခွဲနေအိမ် ဒုတိယထပ်တွင် ပါဝါဘဏ့် အပူလွန်ကဲ၍ပေါက်ကွဲရာမှ နေအိမ်မီးလောင်မှု မေလ ၂၀ ရက် ညနေ ၄ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မိနစ်၂၀ ကျော်ကြာ လောင်ကျွမ်းခဲ့သော မီးလောင်မှုကြောင့် ပြတင်းပေါက် ၅ ခု၊ မျက်နှာကြက်၊ ခုတင် အခင်းအထပ်သား၊ မွေ့ယာတို့ မီးလောင်ဆုံးရှုံးခဲ့သော်လည်း လူထိခိုက်မှုမရှိကြောင်း သိရသည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၂ စီး၊ ရေသယ်ယာဥ် ၂ စီးနှင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီ ၂၈ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
နေအိမ် မီးလောင်မှုကြောင့် အသက် ၄၅ နှစ်အရွယ် အမျိုးသားကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
အလားတူ မေလ ၁၉ ရက် ည ၁၁ နာရီခွဲခန့်က ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး (၇)၊ မြို့ပတ်လမ်းဘေးရှိ မီးရထားစက်ခေါင်းရုံ၊ ဝန်ထမ်းလိုင်းခန်း ၂ ခန်းတွဲတွင် ဘုရားစင်၌ ပူဇော်ထားသော ရောင်စုံမီးကုံးသို့ သွယ်တန်းထားသည့် မီးကြိုးခွေရှော့ခ်ဖြစ်ရာမှမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
