နေမိုး
၂၁. ၅. ၂၀၂၆
NUG ဩဇာခံ မကွေးခရိုင် တပ်ရင်း (၃) မှ PDF ၁၆ ဦးက တပ်မတော်ထံ အလင်းဝင်သဖြင့် “တပ်ပြေး၊ သစ္စာဖောက်”အဖြစ် သတ်မှတ်လိုက်သည် ထုတ်ပြန်ချက်ကို မိဘအမည်ပါ ထည့်သွင်းဖော်ပြကာ အရေးယူမည်ကြေညာ၍ NUG က ဒုက္ခပေးလိုက်ပြန်သည်။
NUG ဩဇာခံ မကွေးခရိုင် တပ်ရင်း (၃) ၏ ကြေညာချက်အရ တပ်မတော်ထံ အလင်းဝင်လာသူ PDF များမှာ ချောက်မြို့နယ်မှ ၁၅ ဦးနှင့် ရေနံချောင်းမြို့နယ်မှ တစ်ဦးဖြစ်ပြီး ထို PDF များမှာ ရဲဘော် King (ခ) ရဲသူအောင်၊ ရဲဘော်ထွန်းတောက် (ခ) သက်မှူးကျော်၊ ရဲဘော်မိုက်ကန်း (ခ) ညီညီမင်းမောင်၊ ရဲဘော်အလင်းရောင် (ခ) စိုးသာမြင့်၊ ရဲဘော် ကြောင်ပြောက် (ခ) ကျော်ဇင်မင်းထက်၊ ရဲဘော် Ace (ခ) ဆန်းလင်းပိုင်၊ ရဲဘော်ရိုးမ (ခ) ကောင်းမွန်ကျော်၊ ရဲဘော် JJ (ခ) မြတ်မင်းအောင်၊ ရဲဘော် မောင်ကစ် (ခ) ကောင်းခန့်ကျော်၊ ရဲဘော်ဖက်တီး (ခ) ဇင်မောင်မောင်ဦး၊ ရဲဘော်ဂျင်းနီ (ခ) အောင်သူရ၊ ရဲဘော်ပါးနီ (ခ) အောင်မျိုးခန့်၊ ရဲဘော်မျိုးကြီး (ခ) လွင်မျိုးခိုင်၊ ရဲဘော် နှစ်တစ် (ခ) လွင်သီဟ၊ ရဲဘော် ကော်ဘရာ (ခ) ငြိမ်းချမ်းအောင်၊ ရဲဘော်ကာချုပ် (ခ) ရဲရင့်သွေး တို့ဖြစ်သည်ဟု မိဘအမည်၊ နေရပ်ဖြင့်ပါ ဖော်ပြထုတ်ပြန် ဒုက္ခပေးထားသည်။
ဂျီနီဗာကွန်ဗင်းရှင်း (Geneva Conventions) အရ လက်နက်ကိုင်ပဋိပက္ခတစ်ခုအတွင်း ပြစ်မှုကျူးလွန်သူ သို့မဟုတ် ပါဝင်ပတ်သက်သူတစ်ဦးချင်းစီ၏ လုပ်ရပ်ကြောင့် မသက်ဆိုင်သည့် မိသားစုဝင်များ၊ အရပ်သားများကို စုပေါင်းပြီး ဒဏ်ခတ်ခြင်း၊ ဖိအားပေးခြင်း သို့မဟုတ် အရေးယူခြင်း (Collective Punishment) သည် လုံးဝ တားမြစ်ထားသည့် လုပ်ရပ်ဖြစ်ပြီး စစ်ရာဇဝတ်မှု မြောက်နိုင်သည့် “အရပ်သား မိသားစုဝင်များအား အစုအဖွဲ့လိုက် အပြစ်ပေးခြင်း (Collective Punishment) မြောက်နိုင်ပြီး နိုင်ငံတကာ စစ်ဥပဒေများနှင့် ငြိစွန်းသော်လည်း NUG နှင့် PDF အဖွဲ့များကမူ ယင်းတို့၏ ခိုးဆိုးလုယက်သတ်ဖြတ် မုဒိမ်းကျင့်မှုများကြောင့် PDF များအလင်းဝင်တိုင်း မိဘအမည်ပါ ထုတ်ပြန်ကြေညာလေ့ရှိပြီး ထိုသို့ ကြေညာခြင်းဖြင့် မိဘများနှင့် မိသားစုဝင်များမှာ နှစ်ဖက်လက်နက်ကိုင်များ၏ ပစ်မှတ်ဖြစ်အောင် လုပ်ဆောင်ချက်အဖြစ်လည်း NUG ကို ဝိုင်းဝန်း ဝေဖန်ရှုတ်ချနေကြသည်။
PDF တို့က ရန်သူဟု သတ်မှတ်ထားသော တပ်မတော်ကပင် အလင်းဝင် PDF များကို သွေးသားသဖွယ်စောင့်ရှောက်ကာ ဆုငွေများ ချီးမြှင့်ခြင်း၊ ပညာပြန်လည်သင်ယူရန် တိုက်တွန်းခြင်းနှင့် အလုပ်အကိုင်ရရှိလုပ်ကိုင်ရေး တိုက်တွန်းဆောင်ရွက်ပေးနေချိန်တွင် NUG နှင့် PDF တို့က အလင်းဝင် PDF သာမက မိသားစုကိုပါ သတ်ဖြတ်ရန် ထည့်သွင်းဖော်ပြ လှုံ့ဆော်နေမှုများမှာ အောက်တန်းကျ ယုတ်ညံ့သော လုပ်ရပ်အဖြစ်လည်း NUG နှင့် PDF ထောက်ခံသူတို့ကိုယ်တိုင်ကလည်း ဝေဖန် ရှုတ်ချနေကြသည်။



