၁၈.၅.၂၀၂၆
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံတောင်ပိုင်း ကွမ်ရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဟွမ်ကျန်း မော်နန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်ရှိ မြစ်တစ်စင်းထဲသို့ ပစ်ကပ်ထရပ်ကားတစ်စီး မေလ ၁၆ ရက်ညက ပြုတ်ကျခဲ့ပြီးနောက် ယနေ့ မေလ ၁၈ ရက် မွန်းလွဲ ၂ နာရီအထိ လူလေးဦး သေဆုံးလျက်တွေ့ရပြီး ငါးဦးကိုအသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကာ ခြောက်ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသဆိုင်ရာအာဏာ ပိုင်များက ပြောကြားခဲ့ကြသည်။
ယခင်က ပျောက်ဆုံးနေသည်ဟု ယူဆရသူနှစ်ဦးကို မော်တော်ကားမြစ်ထဲသို့ ပြုတ်ကျခဲ့သည့် တံတားအောက်ဘက်တွင် သေဆုံးနေသည်ကို ထပ်မံ တွေ့ရှိပြီးနောက် သေဆုံးသူဦးရေမှာ လေးဦးအထိ မြင့်တက်လာခဲ့ရခြင်းဖြစ်သည်။

အဆိုပါဖြစ်ရပ်က မေလ ၁၆ ရက် ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူ ၁၅ ဦး တင်ဆောင်လာသော ပစ်ကပ်ထရပ်ကားက ဟွမ်ကျန်းပြည်နယ်၊ လော့ယန်မြို့နယ်ရှိ ရေကြီးနေသော တံတားတစ်စင်းကို ဖြတ်ကူးနေစဉ် ရေထဲသို့ ပြုတ်ကျခဲ့ရခြင်းဟုလည်း သိရသည်။ ကားမှာမြစ်ထဲသို့ပြုတ်ကျပြီးနောက် လူ ငါးဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ကြောင်း ခရိုင်အစိုးရက ပြောကြားခဲ့သည်။
ပျောက်ဆုံးနေသူများအတွက် ရှာဖွေရေးလုပ်ငန်းများကို ကောင်းစွာ အပြည့်အဝ လုပ်ဆောင်နေကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ယနေ့ မေလ ၁၈ ရက်တွင်ပြောကြားခဲ့သည်။
Ref-Xinhua
