၁၅.၅.၂၀၂၆
Written By Thandar
a Twenty Three Film Production က “စာဘူးတောင်း” ရုပ်ရှင်ဇာတ်ကားကြီး Film Press Conference ကို မေလ ၁၃ ရက် ညနေပိုင်းက ရန်ကုန်မြို့ Myawaddy Media Center မှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော့်အနေနဲ့ ဒီရုပ်ရှင်ဇာတ်ကားကြီးကို အချိန်တွေ အများကြီးယူပြီးပြင်ဆင်ထားပါတယ်။ စာဘူးထောင်း ရုပ်ရှင်ဇာတ်ကားအတွက် ရည်ရွယ်ချက်တွေက အမြင့်ဆုံးကိုထားထားပါတယ်။ နိုင်ငံတကာအထိကို တက်လှမ်းနိုင်ဖို့ ကြိုးစားထားပါတယ်။ ရုပ်ရှင်သမား Film maker တိုင်းရဲ့ အကြီးဆုံးရည်မှန်းချက်လို့လည်း ပြောလို့ရတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ အကြီးဆုံးသော Festival မှာ Selected ဖြစ်အောင် ကျွန်တော်ကြိုးစားသွားမယ်။ ခုနောက်ပိုင်း ရုပ်ရှင်တွေကို နိုင်ငံတကာနဲ့ ချိတ်ဆက်မှုတွေရှိမို့ ပါဝင်သရုပ်ဆောင်တွေကိုလည်း သေချာပြင်ဆင်ပြီး ဖန်တီးချပြသွားမှာပါ”လို့ ဇာတ်လမ်း၊ ဇာတ်ညွှန်း ဒါရိုက်တာ ဒါရိုက်တာ အာကာစိုးဦးက ပြောပါတယ်။
အဆိုပါ အခမ်းအနားသို့ အကယ်ဒမီ ဝေဠုကျော်၊ ဟိန်းဝေယံ၊ စိုင်းစည်တွမ်ခမ်း၊ ဒါရိုက်တာ အာကာစိုးဦး၊ အကယ်ဒမီ ဆွေဇင်ထိုက်၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ လီလီကျော်ခိုင်၊ ခိုင်သဇင်ငုဝါတို့ တက်ရောက်ခဲ့ကြပါတယ်။
ဒီဇာတ်ကားရဲ့ ဇာတ်ညွှန်းအကြံပေး အကယ်ဒမီဆွေဇင်ထိုက်၊ ဇာတ်ညွှန်း ကိုအာကာစိုးဦးနဲ့ လီလီကျော်ခိုင်၊ ဇာတ်လမ်းနဲ့ ဒါရိုက်တာပိုင်းကို အာကာစိုးဦးက မေလ ၁၈ ရက်မှာစတင်ပြီး တစ်လကျော် ရိုက်ကူးပုံဖော်သွားမှာဖြစ်ပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ အကယ်ဒမီ ဝေဠုကျော်၊ ဟိန်းဝေယံ၊ စိုင်းစည်တွမ်ခမ်း၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ လီလီကျော်ခိုင်၊ ခိုင်သဇင်ငုဝါနဲ့ အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်သွားမှာပဲ ဖြစ်ပါတယ်။
#ဝေဠုကျော် #ဟိန်းဝေယံ #စိုင်းစည်တွမ်ခမ်း #စိုးမြတ်သူဇာ #လီလီကျော်ခိုင် #WaiLuKyaw #HeinWaiYan #SaiSiTomKhan #SoeMyatThuZar #LiLiKyawKhaing #စာဘူးတောင်းရုပ်ရှင်ဇာတ်ကားကြီး
#ကန်တော့ပွဲ #နိုင်ငံတကာ







