၁၃.၅.၂၀၂၆
Written By Thandar
နိုင်ငံတကာအထိ သွားရောက်ပြသဖို့ စီစဉ်ထားတဲ့ “စာဘူးတောင်း The Family” ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေးအခမ်းအနားကို ယနေ့ မေလ ၁၃ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ရွှေတိဂုံ ဘုရားမှာ ကျင်းပခဲ့ပါတယ်။
ဒီဇာတ်ကားကို ဇာတ်ညွှန်းအကြံပေး အကယ်ဒမီဆွေဇင်ထိုက်၊ ဇာတ်ညွှန်း ကိုအာကာစိုးဦးနဲ့ လီလီကျော်ခိုင်၊ ဇာတ်လမ်းနဲ့ ဒါရိုက်တာပိုင်းကို အာကာစိုးဦးက ရိုက်ကူးပုံဖော်သွားမှာဖြစ်ပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ အကယ်ဒမီ ဝေဠုကျော်၊ ဟိန်းဝေယံ၊ စိုင်းစည်တွမ်ခမ်း၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ လီလီကျော်ခိုင်၊ ခိုင်သဇင်ငုဝါနဲ့ အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်သွားမှာပဲ ဖြစ်ပါတယ်။
#ဝေဠုကျော် #ဟိန်းဝေယံ #စိုင်းစည်တွမ်ခမ်း #စိုးမြတ်သူဇာ #လီလီကျော်ခိုင် #WaiLuKyaw #HeinWaiYan #SaiSiTomKhan #SoeMyatThuZar #LiLiKyawKhaing #စာဘူးတောင်းရုပ်ရှင်ဇာတ်ကားကြီး
#ကန်တော့ပွဲ #နိုင်ငံတကာ








