၆.၅.၂၀၂၆
Translated by Htwe Ko Tun
ဗီယက်နမ်နိုင်ငံ သမ္မတ တိုလမ်က အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရိန်ဒရာမိုဒီ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီသို့ သုံးရက်ကြာချစ်ကြည်ရေးခရီးအဖြစ် မေလ ၅ ရက်က ရောက်ရှိလာကြောင်း သိရသည်။
၎င်းအနေဖြင့် ဧပြီလအတွင်းက ဗီယက်နမ်နိုင်ငံ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရပြီးနောက် တိုလမ်အဖို့ အိန္ဒိယနိုင်ငံသို့ ပထမဆုံး ချစ်ကြည်ရေးခရီးစဉ်လည်းဖြစ်သည်။
နယူးဒေလီသို့မရောက်ရှိမီ တိုလမ်က ဘီဟာပြည်နယ် အရှေ့ပိုင်းရှိ နာမည်ကြီးဗုဒ္ဓဂါယာသို့ ဘုရားဖူး သွားရောက်ခဲ့သေးကြောင်းလည်း သိရသည်။
ဗီယက်နမ်နိုင်ငံ သမ္မတနှင့်အတူ အစိုးရအဖွဲ့ဝန်ကြီးများ၊ အဆင့်မြင့်အစိုးရအရာရှိများနှင့် စီးပွားရေး လုပ်ငန်းရှင်များလည်းပါဝင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့လည်း လိုက်ပါလာကြောင်း သိရသည်။
Ref- Xinhua
