၆.၅.၂၀၂၆
Written By Thandar
ညကျောင်း ရုပ်ရှင်ထုတ်လုပ်ရေးက I phone နဲ့ရိုက်ကူးထားတဲ့ “မင်းတို့ထွက် ရက်ရာဇာ” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို မေလ ၅ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“တစ်နေ့တာအဖြစ်အပျက်တစ်ခုကို တစ်နေ့တည်း ထိုင်ကြည့်ရတဲ့ အရသာကိုပေးချင်လို့၊ ကျွန်တော်ကိုယ်တိုင် ဖန်တီးချင်လို့ အကောင်းဆုံးပုံဖော်ခဲ့တာပါ။ Life ဖြစ်ပျက်နေတဲ့ အခြေအနေတစ်ခုကို Live ရိုက်ရသလိုမျိုး ကျွန်တော်ရိုက်ကူးခဲ့တာပါ။ ကျွန်တော်တို့ တစ်ရက်တည်းရိုက်နိုင်ဖို့အတွက် ရက်ပြောင်းများစွာ Rehearsal လုပ်ခဲ့ရပါတယ်။ ဇာတ်ကောင်တွေရဲ့ သရုပ်ဆောင်တွေက ဇာတ်ကားတစ်ကားလုံးရဲ့ ဒိုင်ယာလော့ခ်တွေကို အကုန်လုံး အလွတ်ရနေအောင် ကြိုးစားပြီးတော့ အပြန်အလှန်ပြောရမယ့် စကားတွေပါ ရနေအောင်လုပ်ခဲ့တာပါ။ တစ်ရက်တည်းရိုက်ဖို့ကို ဘယ်နှစ်ရက် ကြိုတင်ပြင်ဆင်ခဲ့လဲဆိုတာ ကြည့်ရမှာပါ။ ပရိသတ်တွေအတွက် I Phone (၁၂)လုံးနဲ့ ရိုက်ကူးရင်းနဲ့ ဓာတ်ခဲအားကြောင့် နောက်ဖုန်းတွေ သုံးခဲ့ရတာရှိပါတယ်”လို့ ဒါရိုက်တာ အကယ်ဒမီ ညိုမင်းလွင်က ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို မြန်မာ့ရုပ်ရှင်လောကမှာ ထူးထူးခြားခြား iPhone နဲ့ အချိန် ၁၂ နာရီအတွင်း ရိုက်ကူးပုံ ဖော်ခဲ့တာဖြစ်ပြီး ဒီဇာတ်ကားမှာ အသုံးပြုခဲ့တဲ့ iPhone 16 Pro Max တစ်လုံးကိုလည်း မဲဖောက်ပေးခဲ့ပါတယ်။ ဒီဇာတ်ကားကို ဇာတ်လမ်း ဇာတ်ညွှန်း ဒါရိုက်တာ ညိုမင်းလွင်က ရိုက်ကူးပြီး သရုပ်ဆောင်တွေဖြစ်တဲ့ တိုင်ရွန်၊ မြယာ၊ သားညီ၊ မာန်ဟိန်း၊ ဝေဖြိုး၊ မြတ်၊ မှူးသခင်၊ ညိုမင်းလွင် စတဲ့သူတွေ ပါဝင်ထားကြပါတယ်။
“မင်းတို့ထွက် ရက်ရာဇာ”ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် မေလ ၈ ရက်မှာ မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာလည်း ဖြစ်ပါတယ်။
#တိုင်ရွန် #မြယာ #သားညီ #မာန်ဟိန်း #ဝေဖြိုး #မြတ် #မှူးသခင် #ညိုမင်းလွင် #Tyron #MyaYar #ManHein #WaiPhyo #Myat #MuThaKhin #NyoMinLwin #iphone #မင်းတို့ထွက်ရက်ရာဇာ #ညကျောင်းရုပ်ရှင်ထုတ်လုပ်ရေး










