၅.၅.၂၀၂၆
Translated by Htwe Ko Tun
ကာဇက်စတန်နိုင်ငံမှာ နိုင်ငံရဲ့အကြီးမားဆုံးသွပ်ထုတ်လုပ်ရေးစက်ရုံဖြစ်တဲ့ Glencore ကုမ္ပဏီကပိုင်ဆိုင် တဲ့ Kazzinc စက်ရုံမှာ ပေါက်ကွဲမှုတစ်ခုကြောင့် လူနှစ်ဦးသေဆုံးပြီး အခြားငါးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကုမ္ပဏီက မေလ ၅ ရက်က ပြောကြားခဲ့ပါတယ်။
“ကနဦးသတင်းအချက်အလက်တွေအရ မီးခိုးထုတ်စက်ကို သန့်ရှင်းရေးလုပ်နေစဉ် ပေါက်ကွဲသံတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အဆောက်အအုံတစ်စိတ်တစ်ပိုင်း ပြိုကျခဲ့တယ်” လို့ Kazzinc စက်ရုံက ကြေညာချက်တစ်စောင်မှာ ဖော်ပြခဲ့ပါတယ်။
ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ မီးကို ငြှိမ်းသတ်ပြီးဖြစ်တယ်လို့ ကာဇက်စတန်နိုင်ငံ၊ အရေးပေါ် ဝန်ကြီးဌာနက ပြောကြားချက်ကို ရုရှား Interfax သတင်းဌာနမှ ကိုးကား ပြောကြားခဲ့ပါတယ်။
Glencore ကုမ္ပဏီကပိုင်ဆိုင်တဲ့ Kazzinc သွပ်ထုတ်လုပ်ရေးစက်ရုံက ကာဇက်စတန်နိုင်ငံမှာ အကြီးမားဆုံး သွပ်၊ ခဲ၊ ကြေးနီ၊ ရွှေ နဲ့ ငွေထုတ်လုပ်တဲ့စက်ရုံဖြစ်ပါတယ်။ ကာဇက်စတန်နိုင်ငံရဲ့ နိုင်ငံတော်ရန်ပုံငွေအဖြစ် Samruk-Kazyna ကုမ္ပဏီက စက်ရုံမှာ အစုရှယ်ယာ ၃၀ ရာခိုင်နှုန်း ပိုင်ဆိုင်ပါတယ်။
Ref- Reuters
