၅.၅.၂၀၂၆
Written By Thandar
Lavender ရုပ်ရှင်ထုတ်လုပ်ရေးက အောင်ဇမ္ဗူ ပါဝင်သရုပ်ဆောင်မယ့် “ကံဆက်သူ” ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲအခမ်းအနားကို ယနေ့ မေလ ၅ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျိုက္ကစံ ဘုရားအောင်မြေမှာ ကျင်းပခဲ့ပါတယ်။
“ကံဆက်သူ ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ ဆောင်းက အန်တီမျိုးသန္တာထွန်းရဲ့ သမီးနေရာက ပါဝင်ရမှာပါ။ ဗိုလ်ရဲ့ အမတစ်ယောက်နေရာကပါ။ ထူးထူးခြားခြား ဇာတ်လေးလို့လည်း ပြောလို့လည်းရပါတယ်။ ကံဆက်သူဆိုတော့ ကံတွေနဲ့ ဆက်စပ်နေတာပေါ့နော်။ ဆောင်းကို ထုတ်လုပ်ရေးဘက်ကတော့ ကိုဇော်ရဲ့ အမျိုးသမီး အန်တီက ကမ်းလှမ်းလို့ ပါဝင်ဖြစ်တာပါ။ ချစ်စရာကောင်းတဲ့ မြန်မာဆန်ဆန်ပုံစံလေးပါရမှာပါ ”လို့ သရုပ်ဆောင် ဆောင်းသီရိစံက MT Entertainment ကို ပြောပါတယ်။
အဆိုပါ ရုပ်ရှင်ဇာတ်ကားကြီးကို ဇာတ်လမ်း ခက်ဇော်၊ ဇာတ်ညွှန်း ရာဇဝင်ကိုက ရေးသားပြီး ဒါရိုက်တာ အကယ်ဒမီ ကိုဇော် (အရုဏ်ဦး)က သဘင်အနုပညာရှင် ဇာတ်မင်းသား အောင်ဇမ္ဗူ၊ အကယ်ဒမီ ရတနာဗိုလ်၊ အကယ်ဒမီ မျိုးသန္တာထွန်း၊ ဆောင်းသီရိစံ၊ ရဲလွင်ဦး၊ သဘင်အနုပညာရှင် စန်းရွှေစင်၊ ဖြိုးဖြိုး၊ ကွမ်းသီး၊ ရွှေမိုး၊ ဇောက်ထိုး၊ ရန်ပြေ၊ မင်းလူနတ်၊ ဇာခြည်လွင်၊ သင်ဖြိုးဝေနဲ့ အနုပညာရှင်များစွာ ပါဝင်ကြမှာဖြစ်ပါတယ်။
#အောင်ဇမ္ဗူ #ရတနာဗိုလ် #ဆောင်းသီရိစံ #ရဲလွင်ဦး #AungZabu #YadanarBo #SaungThiriSan #YeLwinOo #SanShweZin #PhyoPyho #စန်းရွှေစင် #ကံဆက်သူရုပ်ရှင်ဇာတ်ကားကြီး #ကန်တော့ပွဲ











