


၁.၅.၂၀၂၆
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဂွေးထောက်အိုင်ကျေးရွာအုပ်စု၊ မြေနီကွင်းကျေးရွာတွင် ဧပြီလ ၃၀ ရက် မွန်းလွဲပိုင်းက လူစောင့်မရှိဘဲ ဆိုလာဖြင့် ဘက်ထရီကိုအားသွင်းထားရာမှ ဘက်ထရီအိုးအပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
မိနစ် ၂၀ ကျော်ကြာမြင့်ခဲ့သော မီးလောင်မှုကြောင့် သွပ်မိုး၊ ထရံကာ၊ ဝါးခင်း ကျုးကျော်နေအိမ် ငါးလုံး မီးလောင်ဆုံးရှုံးခဲ့သည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၃ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၂ ဦးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၃ မိနစ်တွင် မီးငြိမ်းခဲ့သည်။
ကျုးကျော်တဲ ၅ လုံးမီးလောင်မှုကြောင့် အသက် ၆၅ နှစ်အရွယ် ဒေါ်ခင်စန်းကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားသည်။
