၂၇.၄.၂၀၂၆
Written By Thandar
MCIX က စီစဉ်တင်ဆက်ပြီး ပရိသတ်ကြိုက်နှစ်သက်ခဲ့တဲ့ “ဆယ်လီစိုက်ပျိုးရေး” Season 2 Fan Meetup Tour ပွဲကို ဧပြီ ၂၆ ရက် ညနေပိုင်းမှာ ရန်ကုန်မြို့ Junction Square Outdoor Area မှာ အနုပညာရှင်တွေနဲ့ ပရိသတ်တွေ တွေ့ဆုံပြီး စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါတယ်။
“ကျွန်တော်တို့ ဆယ်လီစိုက်ပျိုးရေး Season 1 မှာ အမှတ်တရတွေလည်း အများကြီးရှိခဲ့ပါတယ်။ Fan Meeting ဆိုတော့ ဝမ်းနည်းရပါတယ်။ ပွဲပြီးရင်လုပ်ရတာမို့ နောက်ဆုံးဆိုတာကြီး ခံစားရတော့ စိတ်ထဲမကောင်း ဖြစ်ရပါတယ်။ ကျွန်တော်တို့ အပြာရောင်အသင်းလေးက ပျော်ရွှင်စရာလည်း ကောင်းခဲ့ပါတယ်။ ကံတရားအခြေအနေအရ ဆုတော့မရခဲ့လိုက်ပါဘူး”လို့ သရုပ်ဆောင် ရှင်မွေလက ပြောပါတယ်။
အဆိုပါ အခမ်းအနားမှာ အနုပညာရှင်တွေဖြစ်တဲ့ နေမင်းအိမ်၊ Zell၊ ငွေဇင်လှိုင်းစတဲ့သူတွေက တေးသီချင်းတွေ သီဆိုဖျော်ဖြေခဲ့ကြပြီး Season 1 က အနုပညာရှင်တွေဖြစ်တဲ့ ထူးအောင်၊ ရှင်မွေလ၊ Zell၊ လင်းအောင်ခေတ်၊ ဝင်းခန့်မိုး၊ Jaz3၊ သံသာညီ၊ ယမုံမြင့်မြတ်စတဲ့သူတွေတက်ရောက်ခဲ့ကာ ပရိသတ်တွေနဲ့အတူ ဂိမ်းတွေ ဆော့ကစားခဲ့ကြပါတယ်။
ဆယ်လီစိုက်ပျိုးရေး Season 1 ထက် ပိုမိုပြင်းထန်လာတဲ့ Challenge တွေ၊ Punishment တွေကို ဆယ်လီစိုက်ပျိုးရေး Season 2 ရဲ့ ပရိသတ်အချစ်တော် ဆယ်လီ (၁၂) ဦး ရိုက်ကူးတင်ဆက်ထားတယ်လို့ သိရပါတယ်။
ဆယ်လီစိုက်ပျိုးရေး Season 2 ကိုတော့ လာမယ့် နိုဝင်ဘာလ ၃၀ ရက်နေ့ကနေစပြီးတော့ အပတ်စဉ် တနင်္ဂနွေနေ့ ည ၆ နာရီတိုင်းမှာ MRTV – 4 TV Channel နဲ့ ဆယ်လီစိုက်ပျိုးရေး YouTube Channel မှာ စတင် ထုတ်လွှင့်ပေးမှာလည်း ဖြစ်ပါတယ်။
#HtooAung #ShinMweLa #LinAungKhit #Zell #WinKhantMoe #Jaz3 #KhinWintWah #YadanaMy #ThanTharNyi #Hnin #YamoanMyintMyat #FamousFarmingShowSeason2 #ဆယ်လီစိုက်ပျိုးရေးSeason2 #ThiriKyaw #RegenD







